ပြည်တော်ဝင်ဖို့အခါတော်ရောက်ပြီလား
DVB
·
August 18, 2011
“အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကိုရောက်နေတဲ့ မြန်မာ တိုင်းရင်းသားတွေကို ပြစ်မှု တစုံတရာ ကျုးလွန်သွားတာ မရှိဘူးဆိုရင် အချိန်မရွေးပြန်လာနိုင်ဖို့ စဉ်းစားပေးမှာဖြစ်တယ်။ အပြစ်ကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံယူဖို့ ပြန်လာမယ်ဆိုရင် သဘောထားကြီးစွာနဲ့စဉ်းစားပေးမယ်" လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
ဒီကမ်းလှမ်းချက်ဟာ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်နေသူတွေ ပြည်တော်ပြန်ဖို့ ပြည့်စုံလုံလောက်တဲ့ ကမ်းလှမ်းချက်လို့ထင်ပါသလား။ ဒီကမ်းလှမ်းချက်ကို လက်ခံပြီး ပြည်ပရောက်နေသူတွေ အိမ်ပြန်သင့်တယ်လို့ထင်ပါသလား။ ဒါမှမဟုတ် ဒီကမ်းလှမ်းချက်ရဲ့နောက်ကွယ်မှာ ဘာတွေရှိမယ်ထင်ပါသလဲ။ ဦးသိန်းစိန်ရဲ့ပြောကြားချက်အပေါ် သင့်ရဲ့သဘောထားအမြင်တွေကို ရေးထားခဲ့နိုင်ပါတယ်။