အမေရိကန်တွင် ရှုခင်းကြည့် ရဟတ်ယာဉ်တစီးပျက်ကျ၊ လူ ၅ ဦး သေဆုံး

ရှုခင်းကြည့် ရဟတ်ယာဉ်တစီး အမေရိကန်နိုင်ငံ တဲင်းနက်စီပြည်နယ် အရှေ့ပိုင်းက တောင်တန်းဒေသမှာ ဧပြီ ၄ ရက်နေ့က ပျက်ကျ မီးလောင်ခဲ့လို့ လူ ၅ ဦး သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပျက်ကျချိန်မှာ မြေပေါ်ကလူတွေ ဒဏ်ရာရမှု မရှိဘူးလို့ တဲင်းနက်စီ အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီရဲ့ ပြောခွင့်ရက ပြောပါတယ်။ နက်ရှ်ဗေလီအရှေ့ပိုင်း မိုင် ၂၀၀ လောက်အကွာ ဆေဗီယာမြို့နယ်ထဲမှာ ပျက်ကျခဲ့တာလို့ Smoky Mountain Helicopters လုပ်ငန်းပိုင်ရှင်က ပြောတဲ့အကြောင်း ဒေသခံ ရုပ်သံ WVLT က အစီရင်ခံပါတယ်။ ပစ်ဂျင်ဖို့ဒ်ဒေသ ရဲချုပ်က လေတိုက်နှုန်းကြောင့် မီးလောင်ဖို့ ပိုပြီး အခြေအနေ ဖန်တီးခဲ့တယ်၊ ရဟတ်ယာဉ်တစီးလုံးနီးပါး မီးလောင်ခဲ့လို့ ဘာမှ သိပ်မကျန်ခဲ့ဘူးလို့ ပြောပါတယ်။ ပြည်ထောင်စုလေကြောင်း စီမံခန့်ခွဲရေးရုံး (FAA) မှာ သေဆုံးသူတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် မရှိသေးဘဲ အခင်းဖြစ်ရာက သတင်းတွေရဖို့ စောင့်နေဆဲပါ။ ရဟတ်ယာဉ်ကုမ္ပဏီက Great Smoky တောင် အမျိုးသားဥယျာဉ်နဲ့ ပတ်ဝန်းကျင် ဒေသတွေမှာ ရှုခင်းကြည့်ဖို့ ပျံသန်းပြေးဆွဲနေခဲ့တာ ၁၉၆၄ ခုနှစ်တည်းက ဖြစ်တယ်လို့ သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up