မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ၀န်ကြီးဌာန ၇ ခုဖြင့် ဖွဲ့စည်း
DVB
·
April 5, 2016
ဒီနေ့ ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၇ ခုနဲ့ စည်းလိုက်ပါတယ်။
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးမျိုးမင်းအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးမြတ်သူ၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာစိုးသန်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးဇာနည်အောင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးမျိုးသစ်၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာရဲလွင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဝန်ကြီးဦးစိုင်းကျော်ဇော တို့ကို ဒီနေ့ မန္တလေးတိုင်းလွှတ်တော်မှာ အတည်ပြု ခန့်အပ်လိုက်ပါတယ်။
(သတင်း၊ ဓာတ်ပုံ - အိမ်ခိုင်မြဲ)