တရုတ် ဒဏ္ဍာရီလာ ဧကရာဇ် ဟွမ်တိ ဂုဏ်ပြုပွဲ (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်းရှီးပြည်နယ် ဟွမ်းလင်မြို့မှာ ဧပြီ ၄ ရက်နေ့က တရုတ်နိုင်ငံရဲ့ ဒဏ္ဍာရီလာ ဘိုးတော်ကြီးဖြစ်တဲ့ ဧကရာဇ် ဟွမ်တိကို ဂုဏ်ပြုပွဲ ကျင်းပပါတယ်။ ပွဲတော်ကို ဗုံသံ ၃၄ ချက်နဲ့ ခေါင်းလောင်း ၉ ချက်ထိုးပြီး စတင်ပါတယ်။ ဗုံသံ ၃၄ ချက်ဟာ တရုတ်နိုင်ငံရဲ့ ပြည်နယ် ၃၄ ခုကို ကိုယ်စားပြုပြီး ခေါင်းလောင်းသံ ၉ ချက်က အထူးအုပ်ချုပ်ခွင့်ရ ဒေသ ၉ ခုကို ကိုယ်စားပြုပါတယ်။ ဒီပွဲတော်ကို တရုတ်ပြည်သူ့ နိုင်ငံရေးအကြံပေး ညီလာခံ ဒု-ဥက္ကဋ္ဌ ဝမ်ကျားရူနဲ့ ကူမင်တန် ဒု-ဥက္ကဋ္ဌဟောင်း ချန်းချွန်းပိ အပါအဝင် အဆင့်မြင့် အရာရှိတွေနဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေ တက်ရောက်ပါတယ်။ တနင်္လာနေ့ (ဧပြီ ၄ ရက်) ဟာ အစဉ်အလာအရ ချင်းမင်ပွဲတော်နေ့ ဒါမှမဟုတ် ဂူဗိမာန် သန့်ရှင်းရေးနေ့ပါ။ တရုတ်လူမျိုးတွေဟာ ဒီနေ့မှာ ကွယ်လွန်ပြီးတဲ့ မိသားစုဝင်တွေနဲ့ ဘိုးဘေးတွေကို အောက်မေ့အမှတ်ရတဲ့ အနေနဲ့ ပွဲတွေကို ကျင်းပကြပါတယ်။

More News
Up