Home
မြန်မာသတင်း
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်မည်
DVB
·
April 4, 2016
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အသစ်ကို ဒီကနေ့မှာ ရွေးချယ် တင်မြှောက်ဖို့ ရှိနေပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မြို့နယ်စုံညီအစည်းအဝေးပွဲကို ရှမ်းပြည်နယ် ကျောက်မဲမြို့ ကျားငါးကောင် တိုင်းရင်းဆေးတိုက်မှာ ပြုလုပ်ကျင်းပနေတာဖြစ်ပါတယ်။ ဧပြီလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်ဖို့ရှိနေပြီး ဒီကနေ့ အစီအစဉ်အရ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ဗဟိုကော်မီတီဝင်၊ အရန်ဗဟိုကော်မီဝင်တို့က မိမိတိုရဲ့ တာဝန်ကနေ နုတ်ထွက်ကာ လုပ်ပိုင်ခွင့်အရပ်ရပ်ကို သဘာပထိအဖွဲ့ဆီကို အပ်နှင်းဖို့ရှိပါတယ်။ ဒီနောက်မှာတော့ ဗဟိုအလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြောက်မှာဖြစ်ပြီး ဗဟိုကော်မတီ ၀င်နဲ့ အရံဗဟိုကော်မီတီဝင်အသစ်တွေကိုလည်း လျှို့ဝှက်မဲစနစ်နဲ့ ရွေးကောက်တင်မြောက်မှာ ဖြစ်တယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခု အောက်တိုဘာလက လက်ရှိဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက စတင်တည်ထောင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ခဲ့တဲ့ပါတီဖြစ်ပါတယ်။ ၂၀၁၅ ခု ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး အမျိုးသားလွှတ်တော်မှာ ၃ နေရာ၊ ပြည်သူ့လွှတ်တော်မှာ ၁၂ နေရာနဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်မှာ ၂၆ နေရာရရှိထားတဲ့ပါတီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024