Home
မြန်မာသတင်း
သန်ရှင်းသောအစိုးရ ဖြစ်အောင်လုပ်မယ်ဟု နေပြည်တော်ကောင်စီဥက္ကဋ္ဌ ပြော
DVB
·
April 4, 2016
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရတဲ့ ဒေါက်တာမျိုးအောင်ဟာ ဧပြီလ ၄ ရက်နေ့က နေပြည်တော် ၈ မြို့နယ်က သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ နေပြည်တော် ကောင်စီရုံးမှာ တွေ့ဆုံစဉ်မှာ သန့်ရှင်းသောအစိုးရဖြစ်အောင်လုပ်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီတွေ့ဆုံမှုမှာဆိုရင် "သန့်ရှင်းသောအစိုးရဖြစ်အောင်လုပ်မယ်။ အဂတိလိုက်စားတာ ပပျောက်အောင် လုပ်မယ်။ ဝန်ထမ်းတွေ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းနဲ့အညီနေဖို့။ ဘယ်အစိုးရပဲ ပြောင်းပြောင်း ၀န်ထမ်းက ၀န်ထမ်းဖြစ်တဲ့အတွက် ၀န်ထမ်းအလုပ်ကို ဆက်ပြီးတော့ လုပ်ဖို့" မှာကြားခဲ့တယ်လို့ သိရပါတယ်။ ဒေါက်တာမျိုးအောင်ဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရှိခဲ့ပြီး ဧပြီလ ၁ ရက်နေ့က နေပြည်တော် ကောင်စီဥက္ကဋ္ဌအဖြစ် နိုင်ငံတော်သမ္မတ အမိန့်စာနဲ့ ခန့်အပ်ခံခဲ့ ရတာဖြစ်ပါတယ်။ (သတင်း၊ ဓာတ်ပုံ - အောင်ကိုကိုလတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024