ထိုင်းလူငယ် ၂ ဦးကို ဆယ်ကျော်သက် ဂိုဏ်းစတားအုပ်စုတိုက်ခိုက်၊ ၁ ဦးသေ

ထိုင်းနိုင်ငံ၊ လန်လွတ်ကာခရိုင်ထဲမှာ ဒီကနေ့မနက်ပိုင်းက အသက် ၁၄ နှစ်အရွယ် ထိုင်းလူငယ် ၂ ဦး ဆယ်ကျော်သက် ဂိုဏ်းစတားအုပ်စုတစုရဲ့ တိုက်ခိုက်ခံရတဲ့အတွက် ၁ ဦးသေဆုံးပြီး နောက် ၁ ဦးကတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ အဲဒီဂိုဏ်းစတားအုပ်စုမှာ ဆယ်ကျော်သက်အဖွဲ့ဝင် ၉ ဦးပါဝင်ပြီး ဒီနေ့မနက်ခင်း ၂ နာရီခွဲလောက်မှာ ၀ပ်လတ်ဆနမ်ရွာအ၀င်မှာ တိုက်ခိုက်ခဲ့ကြတာပါ။ အခင်းဖြစ်တဲ့နေရာကို ဘူမိဘောဆေးရုံမှ ဆရာဝန်တွေနဲ့ ရဲတွေ ရောက်ရှိခဲ့ကြချိန်မှာတော့ သူတို့ဟာ ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ သနရတ်ဂျင်တိုင်ဟာ နောက်ကျောဘက်၊ ညာဘက်ပါးနဲ့ ညာဘက်လက်တွေမှာ ဓားနဲ့ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေပြီး သူ့ရဲ့သူငယ်ချင်းဖြစ်သူ ပီတိကတော့ မျက်နှာအတွင်းပိုင်းမှာ ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။ ပီတိက သူဟာ သူငယ်ချင်းဖြစ်သူ သနရတ်ကို  ဆိုင်ကယ်ပေါ်တင်ပြီး လေဆိပ် အိမ်ရာကနေ  ခလောင်လွန်ခရိုင်ကို ပို့ဆောင်ခဲ့တာလို့ ရဲတွေကို ပြောပါတယ်။ သူတို့ဆိုင်ကယ်ဟာ ၀ပ်လတ်ဆန်ရွာအရောက်မှာ ဆိုင်ကယ် ၃ စီးနဲ့ ဂိုဏ်းစတား ၉ ယောက်က သူတို့ဆိုင်ကယ်ကို တားပြီး ရိုက်နှက်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။ ဂိုဏ်းစတားတွေ ထွက်သွားခဲ့ချိန်မှာ သနရတ်ဟာ ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ပြီး မကြာခင်ပဲ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ သေဆုံးသူ သနရတ်ရဲ့ ဖခင်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် သနွန်ဂျင်တိုင်က သားဖြစ်သူဟာ ဧပြီ ၃ ရက် ညဘက် အစောပိုင်းမှာ အိမ်ကနေ စတိုးဆိုင်ကို ထွက်သွားခဲ့တာလို့ ပြောပါတယ်။ ရဲတွေက သနွန်ဂျင်တိုင်ကို ခေါ်ခဲ့ပြီး သူ့ရဲ့သား သနရတ် အသတ်ခံရတယ်လို့ ပြောခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up