နွားလှည်းဖြင့်တိုက်မိသည့်အတွက် လှည်းမောင်းသူနှင့် နွားများကို ဖမ်းဆီးထိန်းသိမ်း
DVB
·
April 4, 2016
ဝမ်းတွင်းမြို့ ကန်ဘဲ့ကျေးရွာမှာ လူတဦးကို နွားလှည်းနဲ့ တိုက်မိတဲ့အတွက် လှည်းမောင်းသူနှင့် နွားတွေကို ပင်းတလဲ ရဲစခန်းက ဖမ်းဆီးဆိန်းသိမ်းထားပါတယ်။
မတ်လ ၂၇ ရက် ညနေပိုင်းက ဝမ်းတွင်းမြို့ ကန်ဘဲ့ကျေးရွာနေ နွားလှည်းမောင်းသူ အသက် ၃၂ နှစ်အရွယ် မောင်မောင် က ပင်းတလဲတိုက်နယ်ကနေ ဝမ်းတွင်းမြို့နွားလှည်းမောင်းလာရာ မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာတဲ့ ကန်ဘဲ့ကျေးရွာ ဝမ်းတွင်းမြို့နေ ၅၆ နှစ်အရွယ် ဦးစိုးကြည် အား ရေအောင့်ကျေးရွာ ငကောက်ကန်အနီးမှာ လှည်းပဒေါင်းနဲ့ချိတ်ဆွဲ တိုက်မိခဲ့ပြီး ဝဲဘက်ပေါင်ထိပ် အရိုး ထိခိုက်ရောင်ရမ်းဒဏ်ရာ ရရှိသွားပါတယ်။
အရပ်သဘော ညှိနှိုင်းကြပေမယ့်လည်း မပြေလည်တာကြောင့် ဧပြီလ ၂ ရက်နေ့က ၀မ်းတွင်းမြို့နယ် ပင်းတလဲ ရဲစခန်း စခန်းမှူးရဲအုပ်မောင်မောင်လွင်ထံ လာရောက်အမှုဖွင့် တိုင်ကြားခဲ့တာကြောင့် ပင်းတလဲရဲစခန်းက ယာဉ်(ပ)၂/၂၀၁၆ နဲ့ ပုဒ်မ ၃၃၈ (နာကျင်စေမှုဖြင့်) အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
(သတင်း၊ ဓာတ်ပုံ - ရွှေမန်းသား)