A d v e r t i s e m e n t With Us

မန်စန့်​ရွာပစ်ခတ်မှု အစိုး​ရသတင်း​စာစွပ်စွဲချက် ရှမ်း​ပြည်တပ်မ​တော်ငြင်း​ဆို

ရှမ်း​ပြည်တပ်မ​တော်က အပြစ်မဲ့​ပြည်သူ​တွေကို လက်ပစ်ဗုံး​တွေနဲ့​ပစ်ခဲ့​တယ်လို့​ အစိုး​ရပိုင် သတင်း​စာက စွပ်စွဲချက် မဟုတ်မှန်​ကြောင်း​ ရှမ်း​ပြည်တပ်မ​တော်က ပြန်လည်ငြင်း​ဆိုခဲ့​ပါတယ်။ SSA (ဝမ်ဟိုင်း​) အဖွဲ့​က လူစည်ကား​ရာ မန်စန့်​ဈေး​ထဲကို ၄၀ မမ ဗုံး​ ၆ လုံး​နဲ့​ ပစ်ခတ်တဲ့​အတွက် က​လေး​ ၂ ဦး​၊​ လူကြီး​ ၄ ဦး​ ဗုံး​စထိမှန် ဒဏ်ရာရပြီး​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ရဲ့​ ​နေအိမ်မီး​လောင် ပျက်စီး​ခဲ့​တယ်လို့​ ဩဂုတ်လ ၁၇ ရက်​နေ့​ ထုတ် မြန်မာ့​အလင်း​သတင်း​စာက ​ဖော်ပြခဲ့​ပါတယ်။ ဒီကိစ္စနဲ့​ပတ်သက်ပြီး​ ဝမ့်​ဟိုင်း​အ​ခြေစိုက် ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ ​ပြောခွင့်​ရ ဗိုလ်မှူး​စိုင်း​လက ခုလို ​ပြောပါတယ်။ “ကျ​နော်တို့​က ဝမ့်​ဟိုင်း​ကျေး​ရွာ ​ဒေသခံလူထု​တွေဖြစ်တယ်။ ​ကျေး​ရွာလူထု ​ဒေသဖွံ့​ဖြိုး​ရေး​အတွက် အများ​ကြီး​ကူညီခဲ့​တယ်။ ဒါ​ကြောင့်​မို့​လို့​ ဒီလိုအ​ကြောင်း​မဲ့​ မလုပ်ပါဘူး​။ အဲဒီရက်ပိုင်း​အတွင်း​မှာ ကျ​နော်တို့​ ဝမ့်​ဟိုင်း​တဝက်မှာ တိုက်ပွဲ​တွေ အပြင်း​အထန်ဖြစ်တယ်။ ၁၁ရက်​နေ့​မှာဆို ခမရ ၁၁၄ နဲ့​အကြီး​အကျယ် ဖြစ်ခဲ့​တယ်။ ဒါ​ကြောင့်​မို့​ ကျ​နော်တို့​ တိုက်ခိုက်​ရေး​တပ်​တွေက ဒီဘက်ပိုင်း​မှာ ရှိ​နေတယ်။ အဲဒီ ဘက်မှာဆို အုပ်ချုပ်​ရေး​ပိုင်း​လောက်ပဲ ရှိတယ်ခင်ဗျ။ အုပ်ချုပ်​ရေး​ပိုင်း​ဆို လက်နက်ကြီး​တွေ မရှိဘူး​၊​ ဓား​နဲ့​ဝင်ခုတ်ထား​တဲ့​ နှစ်​ယောက်လည်း​၊​ ​သေနတ်အတို​တောင် မပါဘူး​။ ဓား​ပဲပါတယ်။ မှန်မမှန်ဆိုတာ အဲဒီ​ကျေး​ရွာလူထု လူနာ​တွေကို စုံစမ်း​မေး​မြန်း​ကြည့်​ရင် အဖြစ်မှန်ကို သိရမှာပါ။” ကိုယ်တိုင်ကြုံ​တွေ့​ခဲ့​ရတဲ့​ ရှမ်း​ဒေသခံတ​ယောက်က “ပြဿနာစဖြစ်တာက ​ဈေး​ထဲမှာပါ။ မြန်မာစစ်သား​၂၀ ​လောက်က ​ဈေး​ထဲမှာ ရှိ​နေတုန်း​ လူနှစ်​ယောက်က စစ်သား​ကို ဓား​နဲ့​ခုတ်ပြီး​ ​သေနတ်လုသွား​တယ်၊​ အဲဒီလူ​နောက်ကို စစ်သား​တွေ လိုက်ဖမ်း​ရင်း​ ရွာထဲကို ဗုံး​နဲ့​ပစ်တာ။ ​ပေါက်ကွဲသံ​ရော ​သေနတ်သံ​တွေ​ရော ကြား​ရတယ်။ ​ဈေး​နဲ့​ရွာက တဖာလုံ​လောက်​ဝေး​တယ်။ ခမ်း​ပန် နဲ့​ ​မွေ​ဖောင်က ​ကျောင်း​သွား​မလို့​ လုပ်​နေတုန်း​ သူတို့​ခြံတံခါး​ရှေ့​မှာပဲ ဗုံး​စမှန်ခဲ့​တာ။ သူတို့​အ​ဖေ​ရှေ့​မှာပဲ။ သူကြီး​အိမ်လည်း​ မီး​လောင်တယ်။ ရွာထဲက လူကြီး​ ၄ ​ယောက်ကို ဗမာစစ်တပ်က ဖမ်း​ခေါ်ပြီး​ စစ်​ဆေး​တယ်၊​ ရိုက်တယ်၊​ တ​ယောက်က ​ဆေး​ရုံ တက်ရတယ်။” က​လေး​ နှစ်ဦး​အပါအဝင် ဒဏ်ရာရပြီး​ လား​ရှိုး​ဆေး​ရုံ​ရောက်​နေတဲ့​သူ​တွေကို လား​ရှိုး​ အ​ခြေစိုက် ​မေတ္တာ​ရေစင် ​ဖောင်​ဒေး​ရှင်း​အဖွဲ့​ဝင် လူကြီး​တဦး​က သွား​ရောက်ကူညီ​ပေး​ခဲ့​တာမှာ ​ဒေသခံ အာဏာပိုင်​တွေက အမျိုး​သား​ရေး​ကိစ္စလုပ်တယ်လို့​ စွပ်စွဲပြီး​ ဖိအား​ပေး​ခဲ့​တဲ့​အတွက် အဲဒီ​စေတနာရှင်က ​ဖောင်​ဒေး​ရှင်း​က​နေ နုတ်ထွက်​ပေး​ခဲ့​တယ်လို့​ လား​ရှိုး​ဒေသခံ တဦး​က ​ပြောပါတယ်။ ဌာ​နေပြည်သူ့​စစ်အသွင်​ပြောင်း​ရေး​ လက်မခံတဲ့​ ဝမ့်​ဟိုင်း​အ​ခြေစိုက် ရှမ်း​ပြည် တပ်မ​တော်ကို အစိုး​ရတပ်က ၅ လ​ကျော် ထိုး​စစ်ဆင်ပြီး​ တိုက်ပွဲ​တွေ ​နေ့​စဉ်ဖြစ်ပွား​နေတာမှာ ရှမ်း​ပြည်နယ် မြို့​နယ် ၉ ခုက ပြည်သူ​ပေါင်း​ ၃ ​သောင်း​ကျော် အိုး​ပစ်အိမ်ပစ် ထွက်​ပြေး​နေရပြီး​ စား​ဝတ်​နေ​ရေး​နဲ့​ ကျန်း​မာ​ရေး​ ပြဿနာ​တွေ ရင်ဆိုင်​နေရတယ်လို့​ ရှမ်း​လူ့​အခွင့်​အ​ရေး​ ​ဖောင်​ဒေး​ရှင်း​နဲ့​ ရှမ်း​အမျိုး​သမီး​ရေး​ရာ ဆက်သွယ်ဖလှယ်​ရေး​အသင်း​က ပြီး​ခဲ့​တဲ့​အပတ်က ပူး​ပေါင်း​အစီရင်ခံစာ ထုတ်ပြန်ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up