ဒေါ်လာ ၅ သောင်းကျော် ကုန်ကျခဲ့သည့် ဟောလီးဝုဒ်မင်းသမီး ပုံစံတူစက်ရုပ် (ရုပ်သံ)
Published By
DVB | 4 April, 2016
5.5K
0
Share
0
Comment
0
Likes
အမေရိကန် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီးတဦးကို ပုံစံယူထားတဲ့ စက်ရုပ်တခုကို ဟောင်ကောင်က စက်ရုပ်ဝါသနာရှင်တဦးက တီထွင်ထုတ်လုပ်လိုက်ပါတယ်။
အချိန် ၁ နှစ်ခွဲယူခဲ့ပြီး အမေရိကန်ဒေါ်လာ ၅ သောင်းကျော် ကုန်ကျခဲ့တဲ့ လူသားအရွယ်စက်ရုပ်ကို Mart 1 လို့ အမည်ပေးထားပြီး ပရိုဂရမ် ထည့်သွင်းထားတဲ့ မေးခွန်းတချို့ကို ဖြေဆိုနိုင်တယ်လို့ ထုတ်လုပ်သူ ရစ်ကီမာ (Ricky Ma) က ပြောပြပါတယ်။
ဒီစက်ရုပ်ကို သူ ထုတ်လုပ်လိုက်တဲ့ အကြောင်းကတော့ သူလည်း တခြားကလေးတွေလိုပဲ ငယ်ငယ်ကတည်းက Transformer လို စက်ရုပ်ဇာတ်ကားတွေ၊ animation တွေ၊ ဂိမ်းတွေ၊ ကာတွန်းကားတွေကို အလွန်ကြိုက်နှစ်သက်ခဲ့ပြီး တချိန်မှာ သူကိုယ်တိုင် တီထွင်ဖို့ ဆန္ဒရှိခဲ့တယ်လို့ ရစ်ကီမာက ပြောပြပါတယ်။
တခြားလူတွေကလည်း သူ့ရဲ့တီထွင်မှုအပေါ် ထင်မြင်မှုအမျိုးမျိုး ပေးခဲ့ကြပြီး စက်ရုပ်ကို တီထွင်ခဲ့တဲ့ ကာလမှာလည်း အားလုံး စင်းလုံးချော မရှိခဲ့ပါဘူးလို့ မာက ပြောပြပါတယ်။
စက်ရုပ်ကိုယ်ထည်ကို 3D-Printing နဲ့ အချိုးကျကျ ထုတ်ခဲ့ပြီး တီထွင်ရင်း လျှပ်စစ်မော်တာ လောင်သွားတာ၊ တခါတလေ စက်ရုပ်က ကျွမ်းပစ်ကျတာတွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။
ဒီစက်ရုပ်မလေးကို တချိန်မှာ ဈေးကွက်တင် ရောင်းချနိုင်မယ်လို့ မျှော်လင့်ထားပြီး သူရရှိခဲ့တဲ့ အတွေ့အကြုံတွေကို တခြားစက်ရုပ်ဝါသနာရှင်တွေအတွက် စာအုပ်တအုပ်လည်း ရေးသားထုတ်ဝေဖို့ ဆန္ဒရှိတယ်လို့ မာက ပြောဆိုပါတယ်။