လန်ဒန်မြို့က ခေါင်းအုံးရိုက်ပွဲတော် (ရုပ်သံ)

လန်ဒန်မြို့မှာ မတ်လ ၂ ရက်နေ့က နိုင်ငံတကာခေါင်းအုံးရိုက်ပွဲတော်အထိမ်းအ မှတ်ပွဲတော်ကို ပန်းခြံ ၂ ခုထဲမှာ ကျင်းပခဲ့တယ်လို့ မက်ထရိုသတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ ၇ ကြိမ်မြောက် နိုင်ငံတကာခေါင်းအုံးရိုက်ပွဲတော်ဖြစ်ပြီး မြို့ပြဧရိယာတွေမှာ ကစားကွင်းတွေနဲ့ အများနဲ့ဆိုင်တဲ့ တခြားနေရာတွေရရှိနိုင်ရေးလှုပ်ရှားမှုရဲ့ တစိတ် တပိုင်းဖြစ်တယ် လို့ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ပါဝင်ဆင်နွှဲကြသူပေါင်းများစွာဟာ ခေါင်းအုံးတွေနဲ့ တဦးနဲ့ တဦးရိုက်ကာ အော်ဟစ်ပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။ ဒီပွဲတော်ဟာ လူထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်ပြီး နှစ်စဉ် မြို့ပေါင်း ၁၀၀ ကျော်မှာ ကျင်းပလေ့ရှိတဲ့ ပွဲတော်တခုဖြစ်ပါတယ်။ လန်ဒန်မြို့မှာတော့ ဒီပွဲတော်ကို ကယ်နင်တန်ပန်းခြံနဲ့ ဂရင်းပန်းခြံတွေမှာ ကျင်းပ ခဲ့တာပါ။ တချို့နေရာတွေမှာတော့ ဒီပွဲတော်ကို လာမယ့်စနေနေ့မှာ ကျင်းပသွားမှာဖြစ် တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up