Home
မြန်မာသတင်း
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အကောင့် အဟက်ခံရ
DVB
·
April 3, 2016
အန်အယ်လ်ဒီ အစိုးရတက်လာပြီး ရက်ပိုင်းအတွင်း အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ်တယောက်ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့် ပထမဆုံး အဟက်ခံလိုက်ရပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ကို ဒီနေ့မနက်ပိုင်းမှာ အဟက်ခံလိုက်ရတယ်လို့ ကာယကံရှင်က အသိပေးရေးသားထားပါတယ်။ သူ့ဖေ့စ်ဘွတ်ခ်မှာ ကျွန်တော် ဦးဖြိုးမင်းသိန်းရဲ့ FACEBOOK acc ကို ယနေ့ ၃.၄.၂၀၁၆ နံနက် ၉ နာရီခန့်တွင် Hacking လုပ်ခံလိုက်ရပါကြောင်း အများသိစေရန် တင်ပြအပ်ပါသည်လို့ ရေးတင်ထားတာပါ။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ၀န်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်ပြီးတဲ့နောက် ရန်ကုန်သင်္ကြန်မှာ စီးပွားဖြစ် မဏ္ဍပ်တွေ ဖွင့်ခွင့်မပြုတော့ဘူးလို့ ကြေညာခဲ့ပါတယ်။ အဲ့ဒီ စီးပွာဖြစ်သက်ြန်မဏ္ဍပ်ကိစ္စနဲ့ပတ်သက်ပြီး အင်တာနက်လူမှုရေးစာမျက်နှာတချို့မှာ ဝေဖန်သံညံထွက်ခဲ့ပြီး သူ့ဖေ့စ်ဘွတ်ခ်အကောင့်လည်း ခုလို အဟက်ခံရတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024