ဝေဟင်ပစ် ပဲ့ထိန်းဒုံး ပစ်ခတ်မှု မြောက်ကိုရီးယားခေါင်းဆောင် စစ်ဆေး (ရုပ်သံ)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ဝေဟင်ပစ် ပဲ့ထိန်းဒုံးစနစ်သစ်လို့ဆိုတဲ့ စမ်းသပ်ပစ်လွှတ်မှုတွေ သွားရောက်ကြည့်ရှုစစ်ဆေးနေပုံတွေကို အစိုးရပိုင်ရုပ်သံက ဧပြီ ၂ ရက်နေ့က ပြသခဲ့ပါတယ်။ မြေပြင်မှ ဝေဟင်ပစ်ပဲ့ထိန်းဒုံးပစ်ခတ်မှုတွေ၊ ပစ်မှတ်ထိမှန်ပုံတွေကို ပြသခဲ့ပြီး ပစ်ခတ်ခဲ့တဲ့ အချိန်နဲ့ နေရာကိုတော့ အစိုးရပိုင် (ကေအာတီ) ရုပ်သံက ဖော်ပြခြင်းမရှိပါဘူး။ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကလည်း ဒုံးကျည်တစင်း ပင်လယ်ထဲ ပစ်ခတ်ခဲ့ပါသေးတယ်။ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင်တို့ မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယားနဲ့ ဒုံးကျည်ပစ်ခတ်မှုအစီအစဉ်တွေအတွက် ဆက်လက်ဖိအားပေးဖို့ သဘောတူညီခဲ့ကြအပြီး နာရီပိုင်းအကြာမှာပဲ ပစ်ခတ်ခဲ့တာပါ။ ဧပြီ ၁ ရက်နေ့က ပစ်ခတ်မှုဟာ တာတိုပစ်ဒုံးကျည်ဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံကပြောဆိုပြီး အကွာအဝေးကိုတော့ စုံစမ်းမှုတွေလည်း ဆက်လုပ်နေပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့လတွေအတွင်း ကုလသမဂ္ဂရဲ့ပိတ်ပင်မှုတွေကို ဖီဆန်ပြီး တာတိုပစ်၊ တာဝေးပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ  ဆက်တိုက်လုပ်ဆောင်လာတာ တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up