တရုတ်လမ်းမကြီးတခုပေါ် ယာဉ်အမြောက်မြား ဆင့်ကဲတိုက်မှုဖြစ်ပွား (ဓာတ်ပုံ)

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ကျန်းဆုခရိုင်ထဲက လမ်းမတခုပေါ်မှာ ဒီကနေ့မနက်ပိုင်း မှာ ယာဉ်မတော်တဆထိခိုက်မှုဖြစ်ပြီး လူ ၂ ဦးသေပြီး ကားတွေဟာ ဒါဇင်နဲ့ချီပြီး ယာဉ် ကြောပိတ်ဆို့မှုတွေဖြစ်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကို လမ်းသွားလမ်းလာတဦးက ရိုက်ယူခဲ့ပြီး တရုတ်လူမှုကွန် ရက်အင်တာနက်စာမျက်နှာတွေဖြစ်တဲ့ ဝေဘိုနဲ့ ၀ီချက်စာမျက်နှာတွေပေါ်တင်ခဲ့တဲ့အ ချိန်မှာ အံ့အားတသင့်ဖြစ်ခဲ့ကြတာပါ။ ဓာတ်ပုံတွေမှာ ဒါဇင်နဲ့ချီတဲ့ ထရပ်ကားတွေ၊ ဘတ်စ်ကားတွေနဲ့ ယာဉ်တွေဟာ လမ်းမပေါ်မှာ ပိတ်ဆို့နေပြီး ကားထဲကလူတွေဟာ ကားတွေပေါ်မှာ ထိုင်လျက်တမျိုး ရပ်လျက်တမျိုးရှိနေကြတာကို တွေ့ရပါတယ်။ အဲဒီယာဉ်မတော်တဆမှုဖြစ်ခဲ့တဲ့နေရာဟာ ရှန်ဟိုင်းမြို့နဲ့ နန်ကျင်းမြို့အကြား ချောင်ကျိုးဒေသမှာ ဖြစ်ခဲ့ကာ အနည်းဆုံးထရပ်ကား ၂ စီး၊ ဘတ်စ်ကား ၃ စီးနဲ့ တခြား ကားအစီး ၂၀ ပါဝင်ကာ သေဆုံးတဲ့သူအရေအတွက်ကို စစ်ဆေးနေဆဲဖြစ်တယ်လို့ တာ ၀န်ကျယာဉ်ထိန်းရဲက ဆိုပါတယ်။ ဒါဟာ မိုးသည်းထန်စွာရွာသွန်းပြီး လမ်းတွေချော်နေတဲ့အတွက်ဖြစ်ရတာလို့ သူက ပြောပါတယ်။  

More News
Up