နျူကလီးယားနှင့် ဒုံးလက်နက် ပစ်ခတ်မှု ဆက်လုပ်မည်ဟု မြောက်ကိုရီးယားပြော

North Korean leader Kim Jong Un looks at a rocket warhead tip after a simulated test of atmospheric re-entry of a ballistic missile, at an unidentified location in this undated photo released by North Korea's Korean Central News Agency (KCNA) in Pyongyang on March 15, 2016. REUTERS/KCNA
1.4K
မြောက်ကိုရီးယားက အမေရိကန်နဲ့ အမေရိကန်မဟာမိတ်တွေကို တုံ့ပြန်ဖို့ နျူးကလီးယားနဲ့ ဒုံးလက်နက် ပစ်ခတ်စမ်းသပ်မှု အစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်က ဧပြီ ၁ ရက်နေ့က ပြောဆိုပါတယ်။
သံအမတ် ဆိုစီပြုံက အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းကို ဖြုတ်ချဖို့ ရည်ရွယ်တယ်၊ ဒါတွေကို ဆက်လုပ်နေမယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံကလည်း ကာကွယ်ဟန့်တားရမှာဖြစ်ပြီး နျူးကလီးယားလက်နက်ကို နျူးကလီးယားလက်နက်နဲ့ပဲ ပြန်တုံ့ပြန်ရမယ်လို့ ရိုက်တာသတင်းဌာနဲ့ အင်တာဗျူးမှာ ပြောဆိုပါတယ်။
ဧပြီ ၁ ရက်နေ့မှာ မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ဒုံးကျည်ပစ်လွှတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး တောင်ကိုရီးယားနယ်စပ်အနီးကမှာလည်း တောင်ကိုရီးယားရဲ့ GPS ဆက်သွယ်မှုတွေကို နှောင့်ယှက်မှုတွေလုပ်ခဲ့အပြီး မြောက်ကိုရီးယားသံအမတ်က အခုလိုပြောဆိုတာပါ။
မတ် ၃၁ ရက်နေ့တော့ အမေရိကန်သမ္မတ၊ တောင်ကိုရီးယားသမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြောက်ကိုရီးယားနိုင်ငံရဲ့ နျူးကလီးယားနဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကို ဖိအားပေးဟန့်တားသွားဖို့ သဘောတူခဲ့ကြပါတယ်။