မိကျောင်း ၂ ကောင် တိုက်ခိုက်နေသလား၊ မိတ်လိုက်နေသလား (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ ဂေါက်ကွင်းတခုမှာ မိကျောင်း ၂ ကောင်ရဲ့ လုံးထွေး သတ်ပုတ်နေတဲ့ ရုပ်သံကို ကြည့်ရှုသူတွေအနေနဲ့ ဒါဟာ နပန်းသတ်နေတာလား၊ မိတ်လိုက်နေတာလားဆိုတာ မဝေခွဲနိုင်အောင်ဖြစ်ခဲ့ကြရပါတယ်။ အဲဒီအဖြစ်အပျက်ဟာ ဖလော်ရီဒါပြည်နယ်၊ ဆာရာဆိုတာမြို့၊ ဘော်ဘီဂျုန်းစ် ဂေါက်ကလပ်ထဲမှာ ဖြစ်ခဲ့တာလို့ ယူပီအိုင်သတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဂေါက်သီးအားကစားသမား ဘာဘရာမော့စ်ဆော့ပ်က ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်တင်ခဲ့တာပါ။ အဲဒီရုပ်သံဗွီဒီယိုဖိုင်နဲ့ပတ်သက်ပြီး ဆာရာဆိုတာအစိုးရအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ်မှာ “၀ိုး-ဒါက ‘သက်စွန့်ဆံဖျားလှုပ်ရှားမှု’ တခုကနေ အဓိပ္ပာယ်သစ်တခုကို ယူ ဆောင်လာနိုင်လိမ့်မယ်” လို့ ရေးသားဖော်ပြခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ မိကျောင်း ၂ ကောင်ဟာ စက္ကန့်အနည်းငယ်အကြာ လုံး ထွေးခဲ့ကြအပြီးမှာ အင်အားပိုကြီးတဲ့ မိကျောင်းနောက်ကို နောက်တကောင်ကလိုက် သွားခဲ့တာကို တွေ့ရပါတယ်။ ဆာရာဆိုတာအစိုးရအဖွဲ့က ဘော်ဘီဂျုန်းစ်ဂေါက်ကလပ်တာဝန်ရှိသူတွေကို သတိပေးထားခဲ့ကြပါတယ်။ “ဘော်ဘီဂျုန်းစ်ဂေါက်ကလပ်ဟာ ဂေါက်သီးရုက်အားကစားကွင်းတခုအဖြစ်သာမကပဲ သားရိုင်းတိရစ္ဆာန်တွေ ကျက်စားစရာနေရာတခုလည်းဖြစ်နေတဲ့အတွက် ဂေါက် သီးရိုက်အားကစားသမားတွေအနေနဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း သတိထားစောင့် ကြည့်နေသင့်တယ်” လို့ သတိပေးထားပါတယ်။

More News
Up