အဆင့်မြင့်လျှပ်စစ်ကား မော်ဒယ်နံပါတ် ၃ ကို ပြသ

တက်စ်စလာ Tesla ကားကုမ္ပဏီက သူတို့အတော့်ကို မျှော်မှန်းထားတဲ့ တန်ဖိုးနည်း၊ အဆင့်မြင့်လျှပ်စစ်ကား မော်ဒယ်နံပါတ် ၃ ကို ပွဲထုတ်လိုက်ပါတယ်။ ဈေးနှုန်းသက်သာပြီး လူ ၅ ဦးစီးနှင်းနိုင်တဲ့ ဒီကားသစ်ဟာ ကားဝါသနာရှင်တွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပြီး လျှပ်စစ်ကားတွေအပေါ်မှာ လူအများ ပိုမိုစိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်လိမ့်မယ်လို့လည်း ကားကုမ္ပဏီက မျှော်လင့်ထားပါတယ်။ တက်စ်စလာကားကုမ္ပဏီ အရာရှိချုပ် အယ်လမ် မက်(စ်) Elon Musk ကတော့ သက္ကရာဇ် ၂၀၂၀  မှာ ဒီမော်ဒယ်ကို တနှစ် ကားအစီးရေ ၅ သိန်းလောက် ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် တက်စ်စလာကားကုပ္ပဏီဟာ ဈေးကွက်ထဲမှာ ဆက်လက်ရပ်တည်နိုင်ဖို့ ဒီကားကို လူကြိုက်များ၊ အရောင်းသွက်အောင် ထုတ်လုပ်ဖို့ လိုပါတယ်။ ဒီလျှပ်စစ်ကားတွေကို ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ ဈေးကွက်ထဲ စတင်ဖြန့်ဝေမှာ ဖြစ်ပေမယ့် ဗြိတိန်၊ အိုင်ယာလန်၊ ဘရာဇီး၊ အိန္ဒိယ၊ တရုတ်နဲ့ နယူးဇီလန်တို့မှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပါတယ်။ အနိမ့်ဆုံးမော်ဒယ်ကိုတော့ အမေရိကန် ဒေါ်လာ ၃ သောင်းခွဲရောင်းချမှာဖြစ်ပြီး တခါအားသွင်းထားရင် အနည်းဆုံး ၂၁၅ မိုင် မောင်းနှင်းနိုင်ပါမယ်။ တက်စ်လာကားကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်က နစ်ဆန်းကုမ္ပဏီက ထုတ်လုပ်တဲ့ လိ(ဖ်) လျှပ်စစ်အားကို ကျော်ပြီး လျှပ်စစ်ကားအစီးရေ စုစုပေါင်း ၅ သိန်း ၅၀၀ ကျော်ကို ရောင်းချနိုင်ခဲ့တဲ့အတွက် ရောင်းအားအကောင်းဆုံး လျှစစ်ကားစစ်စစ် ထုတ်လုပ်ရောင်းချနိုင်တဲ့ ကုမ္ပဏီဖြစ်လာပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up