ကလေးထိန်းအလုပ်ရှာ ရှမ်းမိန်းကလေးကြော်ငြာ ထိုင်းအမျိုးသားများကြား ရေပန်းစား

ထိုင်းနိုင်ငံမှာ ငယ်ရွယ်လှပတဲ့ မိန်းကလေးတယောက်ရဲ့ ကလေးထိန်းအလုပ်အ ကိုင်ကြော်ငြာတခုကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှတဆင့် ကြော်ငြာခဲ့ရာမှ အဲဒီပုံကို သဘောကျသူ၊ ပြန်လည်မျှဝေသူတွေ ထောင်ချီရှိခဲ့ကြပြီး အများစုကတော့ အမျိုးသားတွေဖြစ်ကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာဟာ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ တခုကဖွင့်လှစ်ထားခြင်းဖြစ်ကာ အလုပ်အကိုင်ရှာဖွေသူ နိုင်ငံခြားသားဆရာတွေနဲ့ က လေးထိန်းတွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ မိုအမည်ရတဲ့ အဲဒီမိန်းကလေးဟာ မြန်မာနိုင်ငံမှ ထိုင်းရိုင်အမျိုးသမီးတဦးဖြစ်ပြီး သူ့ရဲ့ဓာတ်ပုံနဲ့တကွ တင်ထားခဲ့တာပါ။ အေဂျင်စီက ပုံနဲ့အတူ “မိုဟာ ထိုင်းနိုင်ငံမှာနေတာ သုံးနှစ်ရှိပါပြီ။ သူက အိမ် ထောင်မရှိသူတယောက်ဖြစ်ပြီး ထိုင်းဘာသာစကားနဲ့ ပြောဆိုဆက်သွယ်နိုင်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သက်သေပြနိုင်ပါတယ်။ သူက ကလေးထိန်းအလုပ်လိုချင်သူပါ”လို့ ရေးသားဖော်ပြခဲ့တာပါ။ မိုရဲ့ ကိုယ်ရေးအချက်အလက်ဆိုင်ရာမှတ်တမ်းတွေမှာ ဖော်ပြထားချက်တွေအရ သူဟာ ကလေးထိန်းအလုပ်ကို ဘန်ကောက်မှာ ၃ နှစ်လုပ်ကိုင်ဖူးပြီး ရှစ်လအထက်က လေးငယ်တွေကို ရေချိုး၊ အ၀တ်အစားလဲ၊ ထိန်းပေး၊ အစားအစာကျွေးမွေးပြုစုတာတွေကို လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ မျှော်မှန်းလစာက တလကို ဘတ်ငွေ ၁ သောင်း ၄ ထောင်နဲ့အတူ အချိန်ပိုကြေး ဘတ် ၅၀၀ အပါအ၀င် ခွင့်ရက်တလကို ၄ ရက်ရရှိလိုတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီပို့စ်တင်ပြီးနောက်မှာတော့ အဲဒီအောက်မှာ လိင်ပိုင်းဆိုင်ရာမှတ်ချက်တွေ ပလူပျံအောင်ရေးသားခဲ့ကြပြီး အများစုက အမျိုးသားတွေဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးကတော့ ကလေးကို ထိန်းမယ့်အစား သူ့ကိုလာထိန်းဖို့ မှတ်ချက်ရေးခဲ့သလို အခြားတဦးကတော့ သူ့ကို တလ ဘတ် ၂ သိန်း၊ ကားတစီးနဲ့ ကွန်ဒိုအခန်းတခန်းပေးမယ့်အပြင် သူ့ရဲ့ စွမ်းဆောင်ရည်အလိုက် ပထမဇနီးမ ယားနေရာကို ပေးမယ်လို့ ရေးခဲ့ကြတာပါ။ ဒါပေမယ့် အမျိုးသမီးတွေကတော့ အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေကို လေးလေးစားစားပြုမူဆက်ဆံသင့်ပြီး အပြောအဆိုတွေ ပိုမိုဆင်ခြင်သင့်တယ်လို့ ပြန် လည်တုံ့ပြန်ကြပါတယ်။ တခြားအမျိုးသမီးတဦးကတော့ (ကလေးထိန်းအလုပ်နေရာအတွက်) မိုတောင်း ဆိုတဲ့ လစာဘတ်ငွေ ၁ သောင်း ၄ ထောင်ဟာ များပြားလွန်းပြီး ထိုင်းနိုင်ငံက ဘွဲ့ရ ကျောင်းဆင်းတွေတောင် အဲဒီထက်နည်းတယ်လို့ မှတ်ချက်ရေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up