Sunday, May 28, 2023
HomeLead Storyငါးမန်း ၃၅ ကောင်နှင့် တညတာ အိပ်စက်ခွင့်ရလိုပါသလား (ရုပ်သံ)

ငါးမန်း ၃၅ ကောင်နှင့် တညတာ အိပ်စက်ခွင့်ရလိုပါသလား (ရုပ်သံ)

တကယ်လို့များ သင်ဟာ ညအိပ်မပျော်တဲ့ရောဂါရှိသူ ဆိုပါစို့။ သင့်အနေနဲ့ တညလုံး ငါးမန်းတွေနဲ့အတူ ရှိနေနိုင်မယ့် အခွင့်အရေးဟာ စိတ်လှုပ်ရှားစရာပါပဲ။

အိုင်ယာလန် Airbnb ခရီးသွားလုပ်ငန်းဝန်ဆောင်မှု ကုမ္ပဏီဟာ ပြင်သစ်နိုင်ငံ၊ ပဲရစ္စရေအောက်ကမ္ဘာပြတိုက်မှာ ငါးမန်း ၃၅ ကောင်နဲ့ တညတာအိပ်စက်ဖို့ အခွင့်အရေးအတွက် ကံထူးသူ ၃ ဦးနဲ့ သူတို့ရဲ့ဧည့်သည်တွေကို ၀န်ဆောင်မှုပေးသွားမယ်လို့ ဆိုပါတယ်။

ဒီအခွင့်အရေးအတွက် သင့်အနေနဲ့ အသက် ၁၈ နှစ်ပြည့်ပြီး ကျန်းမာရေး ကောင်းမွန်သူတဦး ဖြစ်ရပါမယ်။

ဒါကို ပြိုင်ပွဲတခုလို ရွေးချယ်သွားမှာဖြစ်ပြီး သင့်အနေနဲ့ ဒိုင်တွေဆီလိပ်မူပြီး သင်ဟာ ဘာကြောင့် အသင့်တော်ဆုံးသူ ဖြစ်တယ်ဆိုတဲ့ အကြောင်းရယ်၊ ဘာကြောင့် ပဲရစ္စ ရေအောက်ကမ္ဘာပြတိုက်မှာ ငါးမန်းတွေနဲ့ တညတာ နေချင်ရတာဖြစ်တယ်ဆိုတဲ့ အကြောင်းကို စာလုံးရေ ၅၀ နဲ့ ၅၀၀ ကြား အက်ဆေးတပုဒ် ရေးရမှာဖြစ်တယ်လို့ စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။

အက်ဆေးကို ပြင်သစ်၊ အင်္ဂလိပ်၊ ဂျာမန်၊ စပိန်၊ အီတလီ၊ ပေါ်တူဂီ ဘာသာစကားတွေအပြင် တရုတ်၊ ဂျပန်နဲ့ ကိုရီးယား ဘာသာတွေနဲ့လည်း စာလုံးရေ ၃၀၀ အောက် ရေးသားပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

ပါဝင်ယှဉ်ပြိုင်ချင်သူတွေဟာ Airbnb အကောင့်တခု ရှိရမှာဖြစ်ပြီး လာမယ့် ဧပြီလ ၂ ရက်နေ့ ဥရောပအလယ်ပိုင်းစံတော်ချိန် ည ၁၂ နာရီမှာ နောက်ဆုံးထား ပေးပို့ရမှာပါ။

ဝင်ခွင့်အတွက် တခြားထပ်မံကုန်ကျမှာမဟုတ်ဘဲ အနိုင်ရရှိရင်တော့ လေယာဉ်လက်မှတ်ကိုပါ စီစဉ်ပေးမှာဖြစ်ပြီး လာမယ့် ဧပြီလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ပဲရစ္စမှာ ကံထူးခွင့်ရရှိမှာပါ။

ငါးမန်းကောင်ရေ ၃၅ ကောင်ဟာ ရေဂါလံ ၈ သောင်းဆန့် ကန်ထဲမှာ ရှိနေမှာဖြစ်ပြီး ရေပတ်လည်ဝိုင်းနေတဲ့ ထွင်းဖောက်မြင်ရတဲ့ အခန်းထဲမှာ ညစာစားခွင့်၊ အတူနေထိုင်ခွင့်တွေ ရရှိမှာဖြစ်ပြီး အံ့သြစရာခံစားမှု ရရှိနိုင်မှာလို့ သတင်းမှာ ဖော်ပြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular