ဂယ်ရီနဗီးလ်ကို ဗလင်စီယာနည်းပြအဖြစ်မှ ထုတ်

ဓာတ်ပုံ - ရိုက်တာ
984
ဗလင်စီယာအသင်းက နည်းပြ ဂယ်ရီနဗီးလ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
အသက် ၄၁ နှစ်အရွယ် နဗီးလ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက နည်းပြရာထူးကို စတင်တာဝန်ယူခဲ့ပြီး အသင်းကို အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် အသင်းက ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
သူတာဝန်ယူခဲ့တဲ့ ၁၆ ပွဲမှာ ၃ ပွဲနိုင်၊ ၅ ပွဲသရေ ရလဒ်ကိုသာ ရခဲ့တာပါ။
ဗလင်စီယာအသင်းဟာ စပိန်လာလီဂါရဲ့ အဆင့် ၁၄ မှာ ရှိနေပြီး တန်းဆင်းဇုန်အထက် ၆ မှတ်အကွာမှာ ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက် ညာနောက်ခံ ကစားသမားဟောင်း ဂယ်ရီနဗီးရဲ့ နည်းပြဘ၀မှာ ပထမဆုံး တာဝန်ယူတဲ့ အသင်းဖြစ်ပြီး ၄ လ အကြာမှာ ရာထူးကနေ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။
သူ့ရဲ့နေရာကို အရင်နည်းပြဖြစ်ခဲ့တဲ့ ပါကို အေစတာရန်က တာဝန်ယူမှာ ဖြစ်ပါတယ်။