ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ တာဝန်လွှဲပြောင်း (သတင်းဓာတ်ပုံ)
DVB
·
March 30, 2016
၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဦးဆောင်ကျင်းပပေးခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကော်မရှင် ဥက္ကဋ္ဌသစ်ဦးလှသိန်းကို ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းမှာ တာဝန်လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့မှာ တာဝန်ထမ်းဆောင်ကြမယ့် ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်နဲ့ ဦးလှတင့်တို့ ဒီကနေ့ မနက်က လွှတ်တော်မှာ ကျမ်းကျိန် ကတိသစ္စာပြုကြပြီးနောက် ခုလို တရားဝင် တာဝန်လွှဲပေးလိုက်တာပါ။
ဓာတ်ပုံ - UECMyanmar