အ၀လွန် ၉ နှစ်သားကလေးငယ်၏ လက်တင်စုံတွဲအကရုပ်သံဖိုင် တကျော့ပြန် ရေပန်းစား (ရုပ်သံ)

တရုတ်နိုင်ငံမှ ၉ နှစ်အရွယ်ကလေးငယ် ဟီရှောင်ဖေးကို မှတ်မိကြဦးမယ် ထင်ပါတယ်။ သူဟာ ၉ နှစ်အရွယ်သာရှိသေးပြီး သူ့ရဲ့ ကိုယ်အလေးချိန် လျှော့ချဖို့ ရည်ရွယ်ကာ လက်တင်အက လေ့ကျင့်နေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို အင်တာနက်စာမျက်နှာတွေပေါ် မျှဝေခဲ့ရာမှတဆင့် အွန်လိုင်းနာမည်ကျော်တယောက် ဖြစ်လာခဲ့တာပါ။ သူဟာ အရပ် ၁ ဒသမ ၄ မီတာ အမြင့်ရှိပြီး ကိုယ်အလေးချိန် ၆၅ ကီလိုဂရမ်ရှိတာမို့ ကိုယ်အလေးချိန် လျှော့ချဖို့ ရည်ရွယ်ပြီး လက်တင်အကလေ့ကျင့်ခန်းကို ၂ နှစ်ကြာ လေ့ကျင့်ခဲ့တာပါ။ ခုနောက်ဆုံးထွက်တဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာတော့ သူဟာ အကလေ့ကျင့်ဖော် ကောင်မလေးတဦးနဲ့အတူ ပေါ့ပါးသွက်လက်စွာ ကပြနိုင်ခဲ့ပြီးနောက်မှာ တကျော့ပြန် ရေပန်းစားခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဟီရှောင်ဖေးဟာ လိုက်လျောညီထွေဖြစ်အောင် စည်းချက်နဲ့အညီ ပေါ့ပေါ့ပါးပါး လေ့ကျင့်ကပြခဲ့တာကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up