အိမ်ကွင်းတွင် နယ်သာလန်ကို ရှုံးသည့် အင်္ဂလန်အသင်း (ရုပ်သံဟိုက်လိုက်)

ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်တွေမှာ ရှုံးပွဲမရှိ ခြေစစ်ပွဲ အောင်မြင်ထားတဲ့ အင်္ဂလန်အသင်းဟာ ခြေစစ်ပွဲမအောင်တဲ့ နယ်သာလန်အသင်းနဲ့ မတ်လ ၂၉ ရက်နေ့က ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ အင်္ဂလန်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာ၊ ဂိုးကန်သွင်းခွင့် အသာရခဲ့ပေမယ့် ဂိုးသွင်းမသေချာဘဲ ရှုံးနိမ့်သွားခဲ့တာပါ။ ဒီပွဲအတွက် အဖွင့်ဂိုးကို အင်္ဂလန်အသင်း တိုက်စစ်မှူး ဗာဒီက ပွဲချိန် ၄၁ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ နည်းပြ ရွိုင်းဟော့ဒ်ဆန်လက်ထက် အင်္ဂလန်အသင်းရတဲ့ ဂိုး ၁၀၀ မြောက်လည်း ဖြစ်ပါတယ်။ နယ်သာလန်အသင်းအတွက် မိနစ် ၅၀ မှာ ဂျန်ဆန်က ပယ်နယ်တီမှတဆင့် ချေပဂိုး၊ ၇၇ မိနစ်မှာ နာဆင်းက အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ နယ်သာလန်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရယူသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up