ပဲခူးမြစ်အတွင်း စိတ်မနှံ့သူတဦး ရေနစ်သေဆုံး
DVB
·
March 29, 2016
ပဲခူးမြို့ ရွာသစ်ရပ်ကွက်မြောက်ပိုင်း ပဲခူးမြစ်ထဲမှာ မတ်လ ၂၉ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်က အသက် ၄၀ ကျော်အရွယ် အမျိုးသားတဦး ရေနစ်သေဆုံးခဲ့ပါတယ်။
“သေဆုံးသူဟာ စိတ်မနှံ့သူတဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ အဲဒီနေရာကို ရောက်ရှိလာတာဖြစ်တယ်”လို့ ရွာသစ်ရပ်ကွက်က ရာအိမ်မှူး ကိုတင်မောင်လက ပြောပါတယ်။
ပဲခူးမြို့မစခန်းမှူး ဦးစိုးပိုင်နဲ့ အဖွဲ့ကတော့ အလောင်းကို ဆယ်ယူပြီး ဆေးရုံသို့ ပို့ဆောင်ကာ ရဲလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
(သတင်းဓာတ်ပုံ - အောင်စိုးမိုး)