အီဂျစ်လေယာဉ် ပြန်ပေးဆွဲမှု လူ ၄ ဦးကို ဖမ်းဆီးထား၊ ကျန်ခရီးသည်အားလုံး လွှတ်ပေး (ရုပ်သံ)

ဓာတ်ပုံ - AP
အီဂျစ်အဲလေကြောင်းလိုင်းကို ပြန်ပေးဆွဲထားသူဟာ လေယာဉ်ပေါ်ပါ နိုင်ငံခြားသား ၄ ဦးနဲ့ အမှုထမ်းတွေကလွဲပြီး ကျန်တဲ့ ခရီးသည်တွေအားလုံးကို လွှတ်ပေးခဲ့တယ်လို့ လေကြောင်းလိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ပြန်ပေးဆွဲမှုဖြစ်ပြီး ဆိုက်ပရပ်စ်နိုင်ငံ၊ လာနာကာဆိပ်ကမ်းမြို့ လေဆိပ်ဆီ လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ပြီးမကြာခင်မှာပဲ လေယာဉ်ပေါ်ပါ အမျိုးသမီးနဲ့ ကလေးငယ် တွေ အပါအ၀င် ခရီးသည်တွေကို ထွက်ခွာခွင့်ပြုခဲ့တာလို့ ဘဲလ်ဖတ်စ်တယ်လီဂရပ်ဖ် သတင်းမှာ ဖော် ပြပါတယ်။ လေယာဉ်ပြန်ပေးဆွဲသမားဟာ အိုင်အက်စ်အကြမ်းဖက်သမားတွေ လက်နက်အဖြစ် အသုံးပြုလေ့ရှိတဲ့ ဖောက်ခွဲရေးခါးပတ်ပါဝင်တဲ့ အသေခံဗုံးခွဲဝတ်စုံကို ၀တ်ဆင်ထား ခဲ့တယ်လို့ လေကြောင်းလိုင်းတာဝန်ရှိသူတွေက ဆိုပါတယ်။ စကိုင်းနယူးစ်သတင်းတပုဒ်မှာတော့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသား ၄ ဦးထဲမှာ အိုင်းရစ်ရှ်လူမျိုးတဦးပါဝင်တယ်လို့ ဖော်ပြပါတယ်။ ဆိုက်ပရပ်စ်နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းမှာတော့ လေယာဉ်ပြန်ပေးဆွဲသူဟာ အသက် ၂၇ နှစ်အရွယ် အီဗရာဟင် ဆမ်မဟာ ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။ ဒီခရီးစဉ်ဟာ ဒေသတွင်းပုံမှန်ပြေးဆွဲနေတဲ့ လမ်းကြောင်းပေါ်ပျံသန်းစဉ်မှာ ပြန် ပေးဆွဲခံ လိုက်ရတာဖြစ်ပြီး လေယာဉ်ပေါ်မှာ ခရီးသည်စုစုပေါင်း ၈၁ ဦးပါဝင်တာပါ။ ဆိုက်ပရပ်စ်အစိုးရတာဝန်ရှိသူတွေက ပြန်ပေးဆွဲသမားဦးရေဟာ တယောက် ထက်မက ပါဝင်နိုင်တယ်လို့ပြောပေမယ့် လက်ရှိအချိန်မှာတော့ တိတိကျကျမပြောနိုင် သေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up