မန္တလေး ဗဟိုစစ်အကျဉ်းထောင်မှာ တပ်ပြေးမှုနဲ့ အကျဉ်းကျနေတဲ့ ကလေးစစ်သားတဦးကို လွတ်ရက် ပြည့်ပေမယ်လည်း ပြန်လွှတ်ဖို့ မရေမရာ ဖြစ်နေတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။
မန္တလေး နန်းတွင်း ဗဟိုစစ်အကျဉ်းထောင်မှာ တပ်ပြေးမှုနဲ့ အကျဉ်းကျခံ နေတဲ့ ကလေးစစ်သား မောင်ထက်ထက်အောင်ကို လွတ်ရက်စေ့ပြီးတာနဲ့ ပြန်မလွှတ်ဘဲ စစ်တပ်ထဲမှာ ပြန်လည် အမှုထမ်းရာမည့်အတွက် မိသာစုဝင်တွေက စိုးရိမ်နေကြတယ်လို့ ဦးလေးဖြစ်သူ ဦးကိုကိုလေးက ဒီဗွီဘီကို ပြောပါတယ်။
“၉ လပိုင်းကုန်ဆိုရင် အကျဉ်းထောင်ကနေ လွတ်ပြီ။ အဲဒီလို လွတ်တဲ့အခါကျရင် အရပ်သားကို ရောက်မှာ မဟုတ်ဘူး။ တပ်ထဲက တာဝန်ကိုပဲ ပြန်ထမ်းဆောင်ရမယ်ဆိုတဲ့ အနေအထားမျိုးကို သူသိရတယ်ပေါ့။ သူ့အနေနဲ့ တပ်ထဲမှာ ရောက်တယ်ဆိုရင် တပ်မတော်သားအနေနဲ့ ဆက်လက်ပြီး မနေထိုင်ချင်ဘူးပေါ့။”
ကိုယ်ပိုင်နံပါတ် တ ၃၉၀၉၁၄ ကလေးစစ်သား မောင်ထက်ထက်အောင်ဟာ အသက် ၁၇ နှစ်အရွယ်မှာ စစ်တပ်ထဲကို အတင်းအဓမ္မ စုဆောင်းတာ ခံခဲ့ရတာပါ။
ပင်လုံလေကျင့်ရေးတပ်မှာ အခြေခံစစ်သင်တန်းမှာ သင်တန်းတက်ပြီးတဲ့ နောက်မှာ ကယားပြည်နယ် ဖယူးဆို အခြေစိုက် ခမရ ၅၃၁ မှာ တပ်သားအဖြစ် အမှုထမ်းနေစဉ်မှာ စစ်တပ်ထဲက မိသားစုထံ ထွက်ပြေးလာခဲ့ပါတယ်။
၁၂ ရက် ၁ လ ၂၀၁၁ မှာ အဲဒီ ခမရ ၅၃၁ တပ်တွင်း စစ်တရားရုံးကနေ တပ်ပြေးအတွက် ထောင်ဒဏ် တနှစ်ချမှတ်ခံခဲ့ရတာပါ။ မြန်မာတပ်မတော်မှာတော့ စစ်တပ်ကနေ အပြီးသပ် ထုတ်ပြစ်ပြီး စစ်ထောင်ကျတာ မဟုတ်ရင်တော့ စစ်တပ်ထဲကို ပြန်လည်ပြီး အမှုထမ်းရတယ်လို့ တပ်မတော် အရာရှိဟောင်း ဗိုလ်ရဲထက်က ဒီဗွီဘီကို ရှင်းပြပါတယ်။
“