ထိုင်း-မြန်မာနယ်စပ် မယ်ရာမို ဒုက္ခသည်စခန်းက ဒုက္ခသည် ၆၉ ဦးဟာ ပြည်တွင်းမှာ ပြန်လည်အခြေချဖို့အတွက် မတ်လ ၂၄ ရက်နေ့က မယ်ရာမိုဒုက္ခသည်စခန်းကနေ ကရင်ပြည်နယ် ဘားအံမြို့ သွားရောက်ခဲ့ပါတယ်။
ဒီဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းအတွင်းမှာ အစားအသောက်၊ ကျန်းမာရေး၊ ပညာရေး အကူအညီတွေ မလုံလောက်တော့တဲ့အတွက်မိမိဘာသာ ဆုံးဖြတ်ချက် ဒုက္ခသည်စခန်းကနေ ထွက်ခွာလာရတာဖြစ်တယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးစောကီးဒိုက ပြောပါတယ်။
“အန်ကယ်တို့က မယ်ရာမို ရပ်ကွက် ၇ (B) က ထွက်ပါတယ်။ ဖားတီအနေနဲ့ ဒီမယ်ရာမိုကို ရောက်တာ ၂၀၀၃ ခု သြဂုတ်လက ပါတယ်။ အခုနေရင်းနဲ့ ၂၀၁၆ အခက်အခဲမျိုးစုံနဲ့ ရင်မဆိုင်နိုင်တော့တဲ့အတွက် အမိမြန်မာနိုင်ငံမှာ ပြန်လည်နေထိုင်ခိုလုံဖို့ ဆုံးဖြတ်ပြီး အဲဒီကနေ ဘားအံကိုေ၇ာက်တယ်။ လူကြီးတွေရဲ့ စီစဉ်မှု အောက်မှာ လက်ရှိ ဘားအံမှာပဲနေပါတယ်။ ”
ဒီဒုက္ခသည်တွေဟာ လက်ရှိ ဘားအံမြို့က အာကာဘေ ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာ လတ်တလော ခိုလှုံနေကြပြီး တာဝန်ရှိသူတွေအနေနဲ့ နေရာထိုင်းခင်းတွေ စီစဉ်ပေးနေတယ်လို့ ပြောပါတယ်။
သူတို့အနေအနေလုံခြုံပြီး ကူညီပံ့ပိုးမှု ရှိတဲ့နေရာ ဘယ်နေရာမဆို ချထားပေးတဲ့အတိုင်း နေထိုင်မယ်လို့လည်း ဦးစောကီးဒိုက ပြောပါတယ်။
“လုံခြုံမှုရှိတဲ့နေရာနဲ့ ကူညီပံ့ပိုးမှု ရှိတဲ့နေရာဆိုရင် ပြီးတာပါပဲ။ နေစရာဆိုတာ မြေကြီးဆိုတာ အတူတူပါပဲ။ သို့သော် ကျနော်တို့ ကလေးတွေ ကျောင်းနေရရေးအတွက်ကို ကြည့်ပြီး လူကြီးတွေရဲ့ စီစဉ်ကွက်ကဲမှုအောက်မှာ ကျနော်တို့ လက်ခံရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခုပြန်လာတာက မိဘမဲ့ကလေးတွေများတယ်။”
ပြန်လာတဲ့သူ ၆၇ ဦးထဲက သူ့မိသားစုဝင်တွေအပြင် မူကြိုကနေ ၁၀ တန်းအထိ ကလေး ၃၉ ဦး ပါဝင်တယ်လို့လည်း ပြောပါတယ်။
ဦးစောကီးဒိုအနေနဲ့ မယ်ရာမိုဒုက္ခသည်စခန်းမှာနေထိုင်တုန်းကလည်း မိဘမဲ့ဂေဟာ ဖွင့်လင့်ထားတဲ့ အတွက် မိဘမဲ့ကလေးတွေက သူမြန်မာပြည်ကိုပြန်မယ်ဆိုတဲ့အခါ အားလုံးက လိုက်ဖို့ တောင်းဆိုခဲ့တဲ့အတွက်အတူ ပြန်လာခဲ့ကြတာလို့လည်း ပြောပါတယ်။