Home
မြန်မာသတင်း
တိုက်ပွဲဖြစ်အောင်ပြုလုပ်သည့်အဖွဲ့ကို တိုင်းရင်းသားလက်နက်ကိုင်များ ပူးပေါင်းကာကွယ်မည်
နန်းမြနဒီ
·
March 29, 2016
ရှမ်းပြည်နယ်တွင်း တီအန်အယ်လ်အေ တအာင်းတပ်နဲ့  အာရ်စီအက်စ်အက်စ် ရှမ်းပြည် တပ်မတော် တောင်ပိုင်းအဖွဲ့တို့ကြား ပစ်ခတ်မှုတွေ ချက်ချင်းရပ်ဖို့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်း ၇ ဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်ပြီး  တဘက်ဘက်က ပဋိပက္ခဖြစ်အောင် ဆက်လုပ်နေမယ်ဆိုရင် ပူးပေါင်းကာကွယ်သွားကြမယ်လို့   သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ထုတ်ပြန်ပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက် တနိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ် လက်မှတ်မထိုးတဲ့  ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့၊ ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့၊  အက်စ်အက်စ်ပီပီ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့၊ တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့၊ အမ်အန်ဒီအေအေ ကိုးကန့် တပ်ဖွဲ့၊ အန်ဒီအေအေ မိုင်းလားတပ်ဖွဲ့၊ ယူအယ်လ်အေ ရခိုင်တပ်ဖွဲ့က ထိပ်သီး ခေါင်းဆောင်တွေ ပါဝင်တဲ့ အဖွဲ့ပေါင်း ၇ ဖွဲ့ဟာ ယူဒဗလျူအက်စ်အေနယ်မြေ ပန်ခမ်းမြို့မှာ မတ်လ ၂၆ ရက်ကနေ ၂၈ ရက်နေ့ထိ ၂ ရက်တာ တွေ့ဆုံဆွေးနွေးအပြီး ခုလိုထုတ်ပြန်ကြေညာ လိုက်တာ ဖြစ်ပါတယ်။ ယူဒဗလျူအက်စ်အေ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးကျောက်ကော်အန်းက  “ဒီတခေါက် ပန်ခမ်းမှာ ကျင်းပတဲ့အစည်းအဝေးကို သူတို့ဘက်က ကမကထပြုကျင်းပခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ်တွင်း ငြိမ်းချမ်းရေး၊ တိုက်ပွဲရပ်တံ့ရေးနဲ့  အခုတက်လာမယ့် အစိုးရသစ်ပေါ် အမြင်သဘောထားတွေ ဆွေးနွေးခဲ့တာ”လို့ ဒီဗွီဘီကို ပြောပါတယ်။ ဆွေးနွေးပွဲမှာ အားလုံးက အန်အယ်လ်ဒီအစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိသလို နိုင်ငံရေး ကိစ္စ အမြန်ဆုံးဆွေးနွေးဖို့  သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်းက တီအန်အယ်လ်အေ တအာင်းတပ်နဲ့ အာရ်စီအက်အက်စ် ရှမ်းတပ်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲဖို့၊ ညှိနှိုင်းဆွေးနွေးပြီး ပြဿ    နာဖြေရှင်းဖို့၊  တဘက်ဘက်က စပြီးတိုက်မယ်ဆိုရင်  အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ ပူးပေါင်း ကာကွယ်သွားကြမယ်လို့ လည်း သဘောတူခဲ့ကြပါတယ်။ ဒေသတွင်းရှိ ပြည်သူတို့ဘ၀ တည်ငြိမ်အေးချမ်းဖို့အတွက် အစိုးရတပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တံ့ပေးဖို့လည်း တောင်းဆိုထားပါတယ်။ ဦးသိန်းစိန်အစိုးရနဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တ ပ်မတော်တောင်ပိုင်းအဖွဲ့ နဲ့  လက်မှတ်မထိုးသေးတဲ့ တီအန်အယ်လ်အေ တအာင်း တပ်ဖွဲ့ကြား ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းကစပြီး ထိတွေ့ပစ်ခတ်မှုတွေ ရှိခဲ့ရာမှာ ဒေသခံ ပြည်သူ ပေါင်း ၅ ထောင်ကျော်  အိုးအိမ်ပစ်ပြီး ဘေးလွတ်ရာထွက်ပြေးခဲ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024