ရွေးကောက်ပွဲကော်မရှင် အမည်စာရင်းများကို လွှတ်တော် အတည်ပြု

နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခံရသူက ၂၅ ရက်နေ့က တင်သွင်းခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၅ ဦးကို ကန့်ကွက်သူမရှိတဲ့အတွက် ဒီကနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။ သမ္မတက တင်သွင်းထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှသိန်း၊ ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ဖြစ်ကြပြီး အဖွဲ့ဝင် ၅ ဦးအနက် ဥက္ကဋ္ဌအဖြစ် ဦးလှသိန်းကို အဆိုပြုထားချက်ကို အတည်ပြုလိုက်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် အဆိုပြုထားတဲ့ ဦးလှသိန်းဟာ မိတ္ထီလာ ခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်ပါတယ်။

More News
Up