စိတ်ဖိစီးမှု လွတ်မြောက်ရေး ထိုင်းလယ်သမားများ၏ လယ်ထွန်ပြိုင်ပွဲ (ရုပ်သံ)

1.8K
ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်မှာ လယ်သမားတွေက စိတ်ဖိစီးမှုကနေ လွတ်မြောက်ဖို့ လယ်ကွင်းကို ပြိုင်ကွင်းအဖြစ် ပြောင်းခဲ့ပါတယ်။
အမြန်ဆုံး လယ်ထွန်နိုင်သူ ဘယ်သူဆိုတာသိဖို့ မတ်လ ၂၇ ရက်နေ့က ပြိုင်ပွဲ ကျင်းပခဲ့ကြပါတယ်။
နှစ်စဉ်ကျင်းပနေကျ လယ်ထွန်ပြိုင်ပွဲကို ဒေသခံလယ်သမား အယောက် ၄၀ လောက် ပါဝင်ဆင်နွှဲပါတယ်။
ဘန်ကောက်မြို့တော် မြောက်ဘက် ကီလိုမီတာ ၄၀ အကွာက ပထုံဌာနီခရိုင်တွင်း လယ်ကွင်းထဲမှာ မီတာ ၃၀၀ ရှည်တဲ့ ပြိုင်ပွဲလမ်းကြောင်းကို ပြင်ဆင်ထားခဲ့ကြပါတယ်။
ဒီပွဲဟာ လယ်သမားတွေကို စိတ်သက်သာစေဖို့ ကူညီတယ်၊ အခုက လယ်စိုက်ရာသီ မဟုတ်တော့ အားနေလို့ စိတ်ဖိစီးမှုတွေ ရှိနေကြတယ်၊ ဒါကြောင့် စိတ်ဖိစီးမှု ပြေလျော့အောင် ပွဲလုပ်တာလို့ ပွဲစီစဉ်သူက ပြောပါတယ်။
အနိုင်ရသူကို ဆုကြေးငွေ ဘတ် ၂၀၀၀ နဲ့ ဆုဖလား ပေးအပ်မှာဖြစ်ပြီး ဒုတိယဆုရသူက ဘတ် ၁၅၀၀ နဲ့ တတိယဆုက ဘတ် ၁၀၀၀ အသီးသီး ချီးမြှင့်ခဲ့ပါတယ်။