မီယာမီအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ် အနိုင်ရပြီး စတုတ္ထပတ်လည်အဆင့် တက်

ဓာတ်ပုံ - ရိုက်တာ
မီယာမီအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာနံပါတ် ၁ ဂျိုကိုဗစ်ဟာ မတ်လ ၂၇ ရက်နေ့ပွဲမှာ အနိုင်ရပြီး စတုတ္ထပတ်လည်အဆင့်ကို တက်သွားပါတယ်။ ဂျိုကိုဗစ်ဟာ ကမ္ဘာ့အဆင့် ၂၅ ဖြစ်တဲ့ ပေါ်တူဂီ တင်းနစ်သမားကို ၆-၄၊ ၆-၁ နဲ့ အနိုင်ရသွားပြီး နောက်တပွဲကျရင်တော့ ကမ္ဘာ့အဆင့် ၁၅ သြစတြေးလျ တင်းနစ်သမား Dominic Thiem နဲ့ ဆုံရမှာပါ။ သြစတြေးလျ တင်းနစ်သမားဟာ ဂျပန်က Nishioka ကို အနိုင်ယူပြီး စတုတ္ထပတ်လည် အဆင့်ကို တက်လာတာပါ။

More News
Up