ရေလွှာလျှောစီးစဉ် လင်းပိုင်တကောင် အနီးမှာ ရုတ်တရက်ပေါ်လာ (ရုပ်သံ)

ရေလွှာလျှောစီးသမားတွေအတွက် လှိုင်းကြမ်းနဲ့ တခြားရေသတ္တ၀ါတွေနဲ့ တွေ့ ကြုံရတာဟာ မထူးဆန်းပေမယ့် လင်းပိုင်တကောင်နဲ့ တွေ့ဖို့ကတော့ ဖြစ်တောင့်ဖြစ်ခဲ့ပါပဲ။ အသက် ၁၉ နှစ်အရွယ် ကျွမ်းကျင် ရေလွှာလျှောစီးသမားတဦးဖြစ်တဲ့ ဆိုလီဘာ လေဟာ ယော့ခ်ကျွန်းဆွယ်ကမ်းရိုးတန်းမှာ ရေလွှာလျှောစီးနေတုန်းမှာ လင်းပိုင်တ ကောင်အနီးမှာ ပေါ်လာခဲ့ပြီး ယှဉ်လျက်သားရှိနေခဲ့တာပါ။ ဒီ့ထက်ပိုတာကတော့ အဲဒီလင်းပိုင်က သူ့ကို အာရုံလွှဲလိုက်သလိုဖြစ်ပြီး သူဟာ ပြန်လည်တည့်မတ်ဖို့ ကြိုးစားကာ ရှောင်တိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။ တကယ်လို့သာ တိုက်မိခဲ့ကြရင်တော့ လင်းပိုင်ရော သူပါဆိုးဆိုးဝါးဝါးထိခိုက်ဒဏ် ရာရရှိနိုင်ပါတယ်။ သူရှိနေခဲ့တဲ့ သြစတြေးလျနိုင်ငံတောင်ပိုင်းကမ်းခြေဟာ ငါးမန်းတွေရဲ့ တိုက်ခိုက် မှုအန္တရာယ်ရှိတယ်လို့ နာမည်ကြီးတာမို့ သူက အဆိုပါလင်းပိုင်ကို မြင်ချိန်မှာ ငါးမန်းတ ကောင်လို့ ထင်ခဲ့တာပါ။ “အဲဒီလင်းပိုင်ဟာ ကျနော်နဲ့ တမနက်ခင်းလုံး အတူတူရှိနေခဲ့တာပါ။ ကျနော်က နည်းနည်းတော့ လန့်နေခဲ့ပေမယ့် ဒါဟာ သိပ်တော့မဆိုးဝါးခဲ့ပါဘူး။ ဒါဟာ ကျနော် ရေလွှာလျှောစီးတဲ့ကာလတလျှောက် အံ့သြစရာကြီးပါပဲ”လို့ ဆို လီက ဒေးလီးမေးလ်သြစတြေးလျသတင်းကို ဖြေခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up