အမေရိကန်တွင် မီးလောင်ကားထဲမှ အမျိုးသမီးကို ကယ်ထုတ် (ရုပ်သံ)

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်မှာ မီးလောင်နေတဲ့ ကားထဲကနေ အမျိုးသမီးတယောက်ကို ဗုဒ္ဓဟူးနေ့က ကယ်ထုတ်ခဲ့ရပါတယ်။ အင်ဒီယံ ရေဗာ စီရင်စု နယ်မြေမှာ မီးလောင်နေတဲ့ ကားထဲ အသက် ၅၈ နှစ်အရွယ် ဒါလင်းကွန်းစ်အမည်ရအမျိုးသမီး ပိတ်မိနေတာကို နယ်မြေလုံခြုံရေးအရာရှိတွေဖြစ်ကြတဲ့ ရောဘတ်ဆန်ကယ်လ်နဲ့ လင်ဒါနိုလန်တို့က ကားမှန်ကို ရိုက်ခွဲပြီး ကယ်ထုတ်ခဲ့ရတာပါ။ ဆန်ကယ်လ်က “ကျနော်တို့ရောက်သွားတဲ့အချိန်မှာ အထဲကို ၀င်ပြီး ဒီအမျိုးသမီးကို ကယ်ထုတ်ရမှာပဲဆိုတာ သိလိုက်ရတယ်။ ကျနော်တို့(မြင်နေလျက်နဲ့) သူ့ကို မထားခဲ့နိုင်ပါဘူး”လို့ ပြောပါတယ်။ နောက်ဆုံးမှာတော့ မီးလောင်နေတဲ့ကားထဲက အမျိုးသမီးကို သူတို့ ၂ ယောက်ဟာ ခက်ခက်ခဲခဲကယ်ထုတ်နိုင်ခဲ့ပါတယ်။ “သူ့ကို ကားအပြင်ကိုထုတ်ဖို့ ခဏလေးနဲ့မရနိုင်ပဲ ရှိနေခဲ့တယ်။ ဒါက အခက်ခဲဆုံးပါပဲ” လို့ နိုလန်က ဆိုပါတယ်။  

More News
Up