အရည်သွေးမမီ ဖိလစ်ပိုင် ငှက်ပျောသီး ၃၄ တန် တရုတ်ဖျက်ဆီး (ရုပ်သံ)

1.3K
တရုတ်နိုင်ငံ တောင်ပိုင်းက ရှန်ကျန်းမြို့မှာ အရည်အသွေးမမီတဲ့ ဖိလစ်ပိုင် ငှက်ပျောသီး ၃၄ တန်းကို ဖျက်စီးပစ်လိုက်တဲ့အကြောင်း နိုင်ငံပိုင်ရုပ်သံက ပြသပါတယ်။
အမေရိကန်ဒေါ်လာ သုံးသောင်းသုံးထောင်ကျော် တန်ဖိုးရှိတဲ့ ငှက်ပျောသီးတွေကို ဖိလစ်ပိုင်ကနေ တင်သွားခဲ့တာ ဖြစ်ပါတယ်။
စီစီတီဗီ သတင်းအရ ငှက်ပျောသီး နမူနာတွေကို စစ်ဆေးတဲ့အခါမှာ carbendazim ဓာတ်ပေါင်းက တရုတ်နိုင်ငံရဲ့ စံသတ်မှတ်ချက်ကို ကျော်လွန်ေ်နတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ တရုတ်ဘက်က ဖိလစ်ပိုင်ဘက်ကို အကြောင်းကြားသွားမှာဖြစ်ပြီး ပိုးသတ်ဆေး သုံးတာကို လျှော့ချဖို့အတွက် သတိပေးသွားမယ်လို့ ဆိုပါတယ်။
တရုတ်ဟာ ဖိလစ်ပိုင် ငှက်ပျောသီးကို ၀ယ်ယူရာမှာ ဂျပန်၊ အမေရိကန် ပြည်ေထာင်စု၊ ဟောင်ကောင်တို့နောက်ကလိုက်ပြီး စတုတ္ထနေရာမှာ ရှိပါတယ်။
တရုတ်နဲ့ ဖိလစ်ပိုင်တို့ ကြားမှာ တောင်တရုတ် ပင်လယ်အရေးနဲ့ ပတ်သက်လို့ တင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။
ဒီကိစ္စကို ဖိလစိပိုင်က သဟိတ်မှာရှိတဲ့ နိုင်ငံတကာခုံရုံးအထိ တင်ထားပြီး လပိုင်းအတွင်းမှာ ဆုံးဖြတ်ချက်ချဖွယ် ရှိပါတယ်။