ဖီဖာငွေကြေး အရှုပ်တော်ပုံကိစ္စ ဟွန်ဒူးရတ်စ်သမ္မတဟောင်း တရားရုံးတွင် ၀န်ခံမည်

705
ဖီဖာငွေကြေး အရှုပ်တော်ပုံကိစ္စနဲ့ ပတ်သက်လို့ တရားစွဲခံထားရတဲ့ အရင် ဟွန်ဒူးရတ်စ် သမ္မတဟောင်း Rafael Callejas ဟာ မတ် ၂၆ ရက်နေ့မှာ သူရဲ့ အပြစ်ရှိမှုအတွက် တရားရုံးမှာ ၀န်ခံဖို့ ရှိပါတယ်။
သမ္မတဟောင်း Callejas ဟာ ဟွန်ဒူးရတ်စ် ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌဟောင်းလည်းဖြစ်သလို၊ ဖီဖာ ဈေးကွက်နဲ့ ရုပ်သံကော်မတီရဲ့ အဖွဲ့ဝင်အဖြစ်လည်း တာဝန်ထမ်းခဲ့ပါတယ်။
အမှုရင်ဆိုင်ဖို့အတွက် ဒီဇင်ဘာလကတည်းက အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
သူဟာ ဟွန်ဒူးရတ်စ် သမ္မတအဖြစ် ၁၉၉၀ ကနေ ၁၉၉၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။