ဂျပန်လေယာဉ်ပြေးလမ်းပေါ် လေယာဉ်ငယ်တစီးပျက်ကျ၊ ၄ ဦး သေဆုံး (ရုပ်သံ)

ဂျပန်နိုင်ငံအနောက်ပိုင်း လေဆိပ်မြေပြင်ပေါ်ကို မတ်လ ၂၆ ရက်နေ့ညနေပိုင်းမှာ လေယာဉ်ငယ်တစီးပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါလူ ၄ ဦးစလုံး သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေနဲ့ သက်ဆိုင်ရာက ပြောပါတယ်။ အဲဒီလေယာဉ်ငယ်ဟာ အိုဆာကာခရိုင်၊ ယအိုလေယာဉ်ကွင်းအတွင်း လေယာဉ် ပြေးလမ်းပေါ် ပျက်ကျခဲ့တာ ဖြစ်ပြီး ရဲတွေနဲ့ ကယ်ဆယ်ရေးသမားတွေဟာ လေယာဉ် ပျက်ကျတဲ့ နေရာအနီးတ၀ိုက်မှာ စုံစမ်းစစ်ဆေးမှုတွေလုပ်နေကြပါတယ်။ ရုပ်သံကင်မရာမှာ ဖမ်းယူရရှိတဲ့ပုံတွေအရ လေယာဉ်ငယ်ရဲ့ တောင်ပံတွေကျိုးခဲ့ ကာ လေယာဉ်ကိုယ်ထည်အရှေ့ပိုင်းနဲ့ နောက်ပိုင်းမှာ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဘန် ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဒေသတွင်းမီးသတ်ဌာနတာဝန်ရှိသူတွေက လေယာဉ်ငယ်ပျက်ကျပြီးနောက်ပိုင်း လေယာဉ်ပေါ်ပါလူ ၄ ဦးလုံးသေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။ ဂျပန်နိုင်ငံအခြေစိုက် အန်အိပ်ခ်ျကေသတင်းဌာနကတော့ ဒီ Mooney M20c အ မျိုးအစားလေယာဉ်ငယ်ဟာ ကိုဘေးလေဆိပ်ကထွက်ခွာလာကာ ယအိုလေဆိပ်ဆီ ဆင်းသက်ဖို့ ကြိုးစားခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့တာလို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up