တရုတ်နိုင်ငံ၊ ကျင်ဟိုင်းခရိုင်၊ ဇီနင်းမြို့လမ်းပေါ်မှာ မတ်လ ၂၃ ရက်နေ့က ရဲက သံသယရှိနေသူ အမျိုးသားတဦးဟာ ရဲတွေရဲ့လက်ကလွတ်မြောက်ဖို့ ကြိုးပမ်းခဲ့ချိန်မှာ ကား ၈ စီးကို ဆင့်တိုက်မိခဲ့ပါတယ်။
သူဟာ မူးယစ်ဆေးမှောင်ခိုရောင်းဝယ်သူတဦးဖြစ်ပြီး သူ့ကားနောက်က ရဲတွေ ကဖမ်းဖို့ လိုက်ခဲ့ချိန်မှာ ထွက်ပြေးဖို့ကြိုးစားရင်း ခုလိုတိုက်မိခဲ့တာလို့ စီစီတီဗွီ သတင်းမှာ ဖော်ပြပါတယ်။
သူ့ကားကို ရပ်တန့်တားမြစ်ခဲ့တဲ့ ရဲအရာရှိကို တိုက်ကာ ကားကိုနောက်ဆုတ် ထွက်ပြေးခဲ့ချိန်မှာ အနီးနားမှာ ရပ်ထားခဲ့တဲ့ကားတွေကို ပါတိုက်မိခဲ့ပြီး သူ့ရဲ့ကြိုးစား ထွက်ပြေးမှုကို အနီးနားလမ်းသွားလမ်းလာတဦးက မိုဘိုင်းဖုန်းနဲ့မှတ်တမ်းတင်ထားခဲ့တာပါ။
ကားနဲ့ တိုက်မိတဲ့ ရဲအရာရှိဟာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နောက်ဆုံးမှာတော့ သူဟာ လက်နက်ချအဖမ်းခံခဲ့ရပြီး ခုချိန်မှာတော့ ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။