Sunday, May 28, 2023
HomeLead Storyဖူးခက်ကမ်းခြေတွင် နိုင်ငံခြားသား အလောင်းတလောင်းတွေ့

ဖူးခက်ကမ်းခြေတွင် နိုင်ငံခြားသား အလောင်းတလောင်းတွေ့

ထိုင်းနိုင်ငံ၊ သာလန်းခရိုင်၊ စုရင်ကမ်းခြေမှာ ဒီကနေ့မနက်ပိုင်းမှာ နိုင်ငံခြားသား အမျိုးသားတဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

အဲဒီအမျိုးသားဟာ အသက် ၅၀ ၀န်းကျင်ရှိပြီး ကမ်းခြေမှာ မျက်နှာမှောက်လျက် အနေအထားနဲ့ တွေ့ရှိခဲ့ရတာလို့ ချောင်သာလေရဲစခန်းမှ ဒုတိယစုံစမ်းစစ်ဆေး ရေးအရာရှိ ပီရာစစ်နူဖာရက်ခ်က ပြောပါတယ်။

ဒီအလောင်းကို ကင်းကမ်းခြေမှာ အပြေးလေ့ကျင့်ခန်းလုပ်ခဲ့တဲ့ နိုင်ငံခြားသားတဦးက မနက် ၇ နာရီလောက်မှာ တွေ့ရှိခဲ့ပြီး ရဲတွေကို အကြောင်းကြားခဲ့တာပါ။

မီးခိုးရောင်တီရှည်နဲ့ အားကစားဘောင်းဘီဝတ်ဆင်ထားတဲ့ အဲဒီအမျိုးသားရဲ့ အလောင်းပေါ်မှာ မသေဆုံးခင် ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတာမျိုးမတွေ့ရှိရဘူးလို့ ပီရာစစ် က ဆိုပါတယ်။

အရပ်အမြင့် ၁၈၀ နဲ့ ၁၈၅ စင်တီတီတာကြားရှိတဲ့ သူ့ရဲ့ခန္ဒာကိုယ်ပေါ်မှာ ဘာ သက်သေခံကတ်ပြားမှမတွေ့ရပဲ ထိုင်းဘတ်ငွေ ၉၀ သာတွေ့ရပြီး သူ့အလောင်းကို မတွေ့ရှိခင် ၆ နာရီနဲ့ ၈ နာရီကြားမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ အလောင်းကို သလန်းဆေးရုံဆီပို့ဆောင်ကာ သေမှုသေခင်းဆိုင်ရာ စစ်ဆေးမှုတွေဆက်လုပ်ဆောင်နေပြီး သေဆုံးရတဲ့အကြောင်းရင်းကို ရှာဖွေနေ တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

သက်ဆိုင်ရာတာဝန်ရှိသူတွေက အဲဒီအမျိုးသားဟာ မသေဆုံးခင်တရက်က ကမ်းခြေမှာ လမ်းလျှောက်ထွက်ချိန် မူးမေ့လဲကျကာ ရေနစ်သေဆုံးတာဖြစ်နိုင်တယ်လို့ ယူဆပြီး ကမ်းခြေတလျှောက် ပျောက်ဆုံးနိုင်ငံခြားသားရှိမရှိ စုံစမ်းမှုတွေလုပ်နေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular