Home
မြန်မာသတင်း
ကန်ကြီးထောင့် မီးရှို့တရားခံများ ဖမ်းဆီးနိုင်ရေး စုံစမ်းစစ်ဆေးနေဟု ရဲတပ်ဖွဲ့ပြော
DVB
·
March 25, 2016
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ရှိ မြို့မဈေးကို မတ် ၂၃ ရက် ညက မီးရှို့ဖို့ ကြိုးစားခဲ့တဲ့ တရားခံတွေကို ခုချိန်ထိ မမိသေးဘဲ စုံစမ်းစစ်ဆေးနေဆဲပဲလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မတ်လ ၂၃ ရက် ည ၁၁ နာရီလောက်မှာ မီးစတင်လောင်ခဲ့တာဖြစ်ပါတယ်။ မီးလောင်တာကို စတွေ့တဲ့ အချိန်မှာပဲ အနားမှာရှိနေတဲ့ လူငယ်တွေကမြင်တွေ့ခဲ့ပြီး အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့တာပါ။ ဒါပေမယ့် တရားခံတွေကိုတော့ အခုချိန်ထိ ဖမ်းမမိသေးဘဲ စုံစမ်းစစ်ဆေးနေတယ်လို့ ကန်ကြီးထောင့်မြို့မ ရဲစခန်းမှူး ရဲအုပ် သိန်းလွင်က ဒီဗွီဘီ ပြောပါတယ်။ “အပ်ချုပ်ဆိုင်ရှေ့မှာ ရေသန့်ဘူးထဲ ဒီဇယ်ဖြည့်ပြီးတော့ မီးရှို့ထားတယ်လို့ ကျနော်တို့ကို စည်ပင်ကပြောလို့။ ကျနော်တို့ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ လုံခြုံရေး တာဝန်ထမ်းဆောင်တဲ့ ညစောင့် ဦးထွန်းသိန်းနဲ့၊ ဦးမြင့်ဦးတို့ကို အသေးစိတ် စစ်ဆေးဖို့ ကျနော်တို့ စီစဉ် ဆောင်ရွက်နေပါတယ်။” အခုလို မီးရှို့ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဈေးလုံခြုံရေးဖြစ်တဲ့ ညစောင့်တွေက ဘယ်သူ ဘယ်ဝါရှို့တယ်ဆိုတာကို မသိခဲ့ပါဘူး။ အဲဒီလိုပဲ စတင်မီးရှို့ခံရတဲ့ ဆိုင်ရှင်ကလည်း နောက်နေ့မနက် မိုးလင်းမှသာ ဒီဖြစ်စဉ်ကို သိရတယ်လို့ ပြောပါတယ်။ အပ်ချုပ်ဆိုင်ပိုင်ရှင် မ၀င်းပပဟန်က “ရဲစခန်းကို မတိုင်ဘူး။ စည်ပင်တို့ ဘာတို့က သူတို့တွေပဲ အကုန်ကြည့်ရှုပြီးပြီတဲ့။ ကျမတို့တွေ ဘာမှကိုမသိဘူး။ သူတို့ဘာသာ သူတို့ အကုန်လုံး လုပ်ထားပြီးပြီဆိုပြီး ဘာမှတော့ ကိုယ်လည်း သွားမမေးဘူး၊ သူတို့လည်း လာပြီး မမေးဘူးလေ။ ရယက ဥက္ကဋ္ဌတို့၊ စည်ပင်ဦးစီးတို့၊ ဘာတို့ အဲ့ဒါတွေတော့လာတယ်” လို့ ပြောပါတယ်။ ကန်ကြီးထောင့်မြို့မဈေးက ကန်ကြီးထောင့်မြို့လယ်မှာ ရှိနေပြီး အခြား အဆောက်အဦတွေနဲ့ နီးကပ်စွာ ရှိနေတာကြောင့် အချိန်မီမသိခဲ့ဘူးဆိုရင် တမြို့လုံး မီးကူးနိုင်ပါတယ်။ ကန်ကြီးထောင့်မြို့ခံ ကိုဝေယံအောင်ကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ထိတ်လန့်အောင် လုပ်တယ်လို့ ယူဆကြောင်း ပြောပါတယ်။ “ကျိန်းသေတာတော့ ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့် မဟုတ်ဘူး၊ ဦးဟန်စိန် မိသားစုကလည်း အေးအေးချမ်းချမ်းနေတဲ့ မိသားစုပါ။ သူတို့လုပ်တဲ့ စီးပွားရေးကလည်း အခြားစီးပွားပြိုင် မရှိတဲ့အတွက်။ ရှို့တဲ့ နေရာကလည်း မြို့မဈေး ဖြစ်တယ်။ အားလုံး ကျနော်တို့ မြို့သူ၊ မြို့သားတွေ အားထားနေရတဲ့ မြို့မဈေး ဖြစ်တယ်။ ဒါ့ကြောင့် ကျနော် ယူဆတာကတော့ တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူလူထုကို ထိတ်လန့်အောင် လုပ်တာလို့ ကျနော်တို့ ယူဆတယ်။” အယ်လ်နီညို ရာသီဥတုနဲ့အတူ နိုင်ငံအနှံ့ အပူလွန်ကဲလို့ မီးလောင်မှုတွေ ဖြစ်ပေါ်နေသလို မီးလောင်မှုအများစုက အချက်အချာကျတဲ့ဈေးတွေဖြစ်နေလို့ နောက်ကွယ်မှာ  အခြားပရောဂတွေ ရှိနေနိုင်တယ်လို့ သုံးသပ်မှုတွေလည်း  ရှိပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ မြို့နယ်တချို့မှာ ရှို့မီးကောလာဟလတွေလည်း ထွက်ပေါ်နေတာကြောင့် ဒေသခံပြည်သူတွေ မီးဘေး စိုးရိမ်နေကြပါတယ်။ စိုးရ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024