အမျိုးသားပြန်လည်သင့်မြတ်ရေး ရုပ်လုံးပေါ်လာပြီဟု သူရဦးရွှေမန်းပြော
DVB
·
March 25, 2016
လက်ရှိ အန်အယ်လ်ဒီ အစိုးရအဖွဲ့ကို မနေ့ မတ်လ ၂၄ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က အတည်ပြုဖွဲ့စည်းပြီးဖြစ်ပါတယ်။ ဒီအစိုးရအဖွဲ့ဝန်ကြီး ၁၈ ဦးဟာ အန်အယ်လ်ဒီပါတီက ၆ ဦး၊ ပြည်ခိုင်ဖြိုးပါတီက ၂ ဦး၊ ပါတီဝင်မဟုတ်တဲ့ နိုင်ငံသား၊ တိုင်းရင်းသား ၇ ဦးနဲ့ တပ်မတော်သား ၃ ဦး ပါဝင်ပါတယ်။
အန်အယ်ဒီပါတီဥက္ကဋ္ဌအနေနဲ့ အနိုင်ရပြီး အစိုးရအဖွဲ့ရဲ့ နေရာအားလုံးမှာ ပါတီက နေရာအားလုံး မယူပဲ တိုင်းရင်းသားတွေ၊ ပါတီဝင်မဟုတ်တဲ့ နိုင်ငံသားတွေတွေနဲ့ ဖွဲ့စည်းလိုက်တဲ့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး နဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားတိုးတက်ရေးအတွက် ပြောဆိုခဲ့တဲ့ကိစ္စ ရုပ်လုံးပေါ်လာပြီလို့ သူရဦးရွှေမန်းက သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
သူရဲ့ ကော်မရှင်အနေနဲ့လည်း ပြည်သူများနဲ့ အမျိုးသားအကျိုးစီးပွားအတွက် ပါဝင်ဆောင်ရွက်မှာ ဖြစ်ပါကြောင်းလည်း ဖော်ပြထားပါတယ်။