ဟော်လန် ဂန္ထ၀င်ကစားသမား ဂျိုဟန်ခရိုက်ဖ် ကွယ်လွန်

ဓာတ်ပုံ - ရိုက်တာ
အသက် ၆၈ နှစ်အရွယ် ဟော်လန်နဲ့ ဘာစီလိုနာဂန္ထ၀င် ကစားသမား ဂျိုဟန်ခရိုက်ဖ်ဟာ အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ ဂျိုဟန်ခရိုက်ဖ်ဟာ ကစားသမားဘ၀မှာ အေဂျက်နဲ့ ဘာစီလိုနာ စတဲ့အသင်းတွေမှာ ကစားခဲ့ပြီး အောင်မြင်မှုရခဲ့တာပါ။ ကစားသမားဘ၀မှာ ပွဲပေါင်း ၅၁၄ ပွဲ ကစားခဲ့ပြီး ဂိုးပေါင်း ၂၉၀ သွင်းပေးထားသူပါ။ ဒါ့အပြင်  ဟော်လန်လက်ရွေးစင်၊ အေဂျက်၊ ဘာစီလိုနာအသင်းတို့နဲ့အတူ Total Football ကစားကွက်တွေနဲ့ အောင်မြင်မှုတွေကို ရခဲ့သူဖြစ်ပါတယ်။ သူဟာ ကစားသမားဘ၀မှာရော နည်းပြဘ၀မှာပါ ဖလားတွေ၊ ဆုတံဆိပ်တွေ များစွာ ရထားသူဖြစ်ပေမယ့် ကမ္ဘာ့ဖလားကိုတော့ မရခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up