ခြေစမ်းပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း စင်ကာပူကို ရှုံး (ရုပ်သံဟိုက်လိုက်)

2.8K
မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းဟာ မတ်လ ၂၄ ရက် ညနေက စင်ကာပူလက်ရွေးစင်အသင်းနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားရာမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
စင်ကာပူနိုင်ငံ ဂျလန်ဘီဆာ အားကစားကွင်းမှာ ကစားခဲ့ကြတာဖြစ်ပြီး စင်ကာပူက ဦးဆောင်ဂိုးကို ၂၇ မိနစ်မှာ သွင်းယူပါတယ်။
ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ဆော်လမန်က မြန်မာအသင်းအတွက် ချေပဂိုးကို ၆၄ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။
ပွဲပြီးခါနီး ၈၇ မိနစ်မှာ စင်ကာပူက နောက်ထပ် ၁ ဂိုး ရခဲ့ပြီး မြန်မာအသင်း ရှုံးခဲ့ရတာ ဖြစ်ပါတယ်။
အသင်းလိုက်ကစားပုံနဲ့ ခြေစွမ်းကို အားရပြီး အခွင့်အရေးတွေ အကြိမ်များစွာ ဖန်တီးနိုင်ခဲ့ပေမယ့် စိတ်ဆန္ဒစောသလို ဂိုးကံခေသွားတာကြောင့် ရသင့်တဲ့ဂိုးတွေ မရခဲ့ဘူးလို့ နည်းပြချုပ် ဂတ်ဆီဇီက ပွဲအပြီးမှာ ပြောပါတယ်။
မြန်မာအသင်းအနေနဲ့ ဒီနှစ်အတွက် အဓိကပစ်မှတ်ကတော့ အိမ်ရှင်အဖြစ် ကျင်းပမယ့် ဆူဇူကီးဖလား အောင်ပွဲရရေးဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းကို ယူ ၂၀၊ ယူ ၂၃ နဲ့ လိဂ်ပြိုင်ပွဲက အကောင်းဆုံး ကစားသမားတွေ စုဖွဲ့ထားတာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ လာမယ့် မတ် ၂၉ ရက်နေ့ကျရင် လက်ဘနွန်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားဖို့ရှိနေပြီး မြန်မာအသင်းနည်းပြချုပ် ဂတ် ဖရိုင်းဒရစ်ကတော့ မြန်မာအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မျှော်လင့်ချက် မရှိတော့ဘူးလို့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။