Live
Home
မြန်မာသတင်း
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဖွဲ့ရန် သမ္မတလောင်း လွှတ်တော်တင်
DVB
·
March 24, 2016
သမ္မတအဖြစ် ရွေးကောက်ခံထားရသူ ဦးထင်ကျော်က ပေးပို့တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင်အမည်စာရင်း ၉ ဦးကို ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးမျိုးညွန့်ကို ခန့်အပ်မယ်လို့ သမ္မတက ပေးပို့ထားပါတယ်။ ဒီ ၉ ဦးဟာ အစုအဖွဲ့ ၃ ခုက ၂ ဦးစီတင်ပြထားပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်မှာ နိုင်ငံတော်သမ္မတ ရွေးချယ်တဲ့ ၃ ဦးကတော့ ဦးညီညီ၊ ဦးမြင့်ဝင်း၊ ဦးမျိုးမြင့်တို့ဖြစ်ကြပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်တဲ့ ၃ ဦးကတော့ ဦးမျိုးညွှန့်၊ ဦးခင်မောင်ချို၊ ဒေါ်ခင်ဌေးကြွယ်တို့ ဖြစ်ကြပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်တဲ့ ၃ ဦးကတော့ ဦးတွာလ်ကျင်ပေါင်၊ ဒေါ်လှမျိုးနွယ်၊ ဦးကျော်ဆန်းတို့ ဖြစ်ကြပါတယ်။ ဒီပုဂ္ဂိုလ်တွေကို ကန့်ကွက်မယ်ဆိုရင်လည်း မနက်ဖြန် အမည်စာရင်းတင်သွင်းပြီး လာမယ့် ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအရုံးမှာ ဆွေးနွေးမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်အတွင်း သမ္မတက ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံခုံရုံးကို လွှတ်တော်က ဖြုတ်ချခဲ့ဖူးပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024