ဘရပ်ဆဲလ်လေဆိပ် ဖောက်ခွဲမှု အဓိကတရားခံတဦး ဖမ်းမိ

ဓာတ်ပုံ - အေအက်ဖ်ပီ
ဘရပ်ဆဲလ်လေဆိပ်တွင်း အသေခံဗုံးဖောက်ခွဲမှုမှာ ပါဝင်တဲ့ အဓိကတရားခံတဦးကို ရဲတွေက ဖမ်းမိခဲ့ပြီလို့ ဘယ်လ်ဂျီယံ သတင်းမီဒီယာ ဖော်ပြချက်တွေကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ နာဂျင်လာချာဝီ အမည်ရတဲ့ အဲဒီအမျိုးသားကို ဘရပ်ဆဲလ်မြို့၊ အန်ဒါလက်ရှ်အရပ်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး သူဟာ စီစီတီဗွီကင်မရာမှာ ဖမ်းယူရရှိခဲ့တဲ့ သံသယဖြစ်ဖွယ် တရားခံ ၃ ဦးထဲမှ တဦးဖြစ်တယ်လို့ ဘယ်လ်ဂျီယံအခြေစိုက် လာဒါနီယယ်ဟား သတင်းစာနဲ့ အာရ်တီအယ်လ် ရုပ်သံတွေမှာ ဖော်ပြပါတယ်။ ဒါပေမယ့် ဘယ်လ်ဂျီယံအစိုးရ တာဝန်ရှိသူတွေကတော့ အတည်ပြုချက် မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လေဆိပ်တွင်းပေါက်ကွဲမှု ၂ ခုနဲ့ မီးရထားဘူတာရုံတွင်း ပေါက်ကွဲမှုတွေကြောင့် လူ ၃၀ ထက်မနည်း သေဆုံးခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up