ဟွာဝေး စမတ်ဖုန်းမှ မက်ဆီအား ကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်

နာမည်ကျော် ဘောလုံးသမားတယောက်ဖြစ်တဲ့ မက်ဆီကို ဟွာဝေး စမတ်ဖုန်းက ကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်တယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ပြုလုပ်တဲ့ အဲဒီပွဲအကြောင်းကို မတ်လ ၂၂ ရက်က ထုတ်ပြန်လိုက်တာပါ။ Huawei Consumer BG လက်ကိုင်ဖုန်းဌာနခွဲရဲ့ ဥက္ကဋ္ဌ Mr. Kevin Ho က “ဟွာဝေးက အထူးအလေးအနက်ထားပြီး မြှုပ်နှံမှုပြုလုပ်နေတဲ့ ဥရောပ၊ အာရှနဲ့ လက်တင်အမေရိကနိုင်ငံတွေက နိုင်ငံသားတွေကို အာရုံစူးစိုက်ဖို့၊ ဇွဲလုံ့လ ၀ီရိယတို့နဲ့ မဆုတ်မနစ် ကြိုးစားဖို့တို့ကို တွန်းအားပေးပြီး အခက်အခဲတွေကို ကျော်လွန်ပြီး ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်မှုတွေ ရရှိစေဖို့အတွက် မက်ဆီက ကူညီပေးပါလိမ့်မယ်” လို့ ပြောပါတယ်။ ဟွာဝေးဖုန်းတွေဟာ မြန်မာ့ဈေးကွက်မှာ နေရာတော်တော်များများ ယူထားနိုင်တာလည်း ဖြစ်ပါတယ်။ ဟွာဝေးရဲ့ ထုတ်ကုန်တခုဖြစ်တဲ့ Mate 8 ဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့ကနေ အခုချိန်အထိ အလုံးရေ ၃ သန်းလောက် ရောင်းချခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

More News
Up