ဂျပန်အမျိုးသမီးကို အဓမ္မပြုကျင့်ကြောင်း အမေရိကန် ရေတပ်သား ၀န်ခံ

ဂျပန်နိုင်ငံ အိုကီနာဝါမှာ ဂျပန်အမျိုးသမီးတဦးကို မုဒိမ်းပြုကျင့်ခဲ့တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံနေရသူ အမေရိကန်ရေတပ်သားက သူကျူးလွန်ကြောင်း ၀န်ခံခဲ့တယ်လို့ ကျိုဒိုသတင်းက ရေးပါတယ်။ အဆိုပါ အသက် ၂၄ နှစ်အရွယ် အမေရိကန်မရိမ်းတပ်သား Justin Castellanos က ကနဦးပိုင်းတုန်းက ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သေးတယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြပါတယ်။ အဆိုပါ ရေတပ်သားဟာ အိုကီနာဝါမြောက်ဘက် အမေရိကန် မရိမ်းတပ်ဖွဲ့စခန်းမှာ တာဝန်ကျသူဖြစ်ပြီး မတ်လ ၁၃ ရက်နေ့အစောပိုင်းက နာဟာမြို့က ဟိုတယ်မှာ အသက် ၄၀ ခန့်အရွယ်ဂျပန် အမျိုးသမီးကို မုဒိမ်းပြုကျင့်မှုသံသယနဲ့ စစ်ဆေးခံရတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ အနောက်တောင်ဘက် ဖူကူရိုကာစီရင်စုကနေ အလည်အပတ်လာရောက်တဲ့ ဒီအမျိုးသမီး ဟိုတယ်စင်္ကြန်မှာ အိပ်ပျော်နေတာကို ရေတပ်သားက တွေ့ရှိခဲ့ပြီးတဲ့နောက် သူ့အခန်းဆီကို သယ်ဆောင်အဓမ္မပြုကျင့်တာလို့ ရဲကစွပ်စွဲခဲ့တာဖြစ်ပါတယ်။

More News
Up