ဗီဇာလာလျောက်သူများတွက် စည်းကမ်းသစ် အမေရိကန်သံရုံးထုတ်ပြန်
DVB
·
March 23, 2016
အမေရိကန် ပြည်ဝင်ခွင့် ဗီဇာလာရောက်လျှောက်သူတွေအတွက် သံရုံးအဝင်အထွက် လုပ်ထုံးလုပ်နည်း စည်းကမ်းသစ်တွေကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
လာမယ့် ဧပြီ ၄ ရက်ကစပြီး ဗီဇာလျှောက်ထားသူတွေအားလုံးဟာ မိမိတို့ ရထားတဲ့ ရက်ချိန်း အချိန်မတိုင်မီ ၁၅ မိနစ်အလိုမှသာ သံရုံးကို ၀င်ရောက်ဖို့နဲ့ အကယ်၍ ၁၅ မိနစ်ထက်စောပြီး ရောက်လာပါက သံရုံးထဲကို ဝင်ခွင့်ရရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဗီဇာလျှောက်ထားသူသာ သံရုံးဝင်းအတွင်းသို့ ဝင်ခွင့်ရမှာဖြစ်ပြီး အဖော်အဖြစ် လိုက်ပါလာသူကို သံရုံးဝင်းအတွင်း ဝင်ခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ အီလက်ထရောနစ် ပစ္စည်းတွေနဲ့ ကြီးမားတဲ့ ကျောပိုးအိတ်တွေကို သယ်ယူလာခွင့် မပြုဘူးလို့လည်း ဆိုပါတယ်။
ကားနဲ့လာတဲ့ ဗီဇာလျှောက်ထားသူတွေဟာ သံရုံးရှေ့ရှိ လူသွားလမ်းအနီး ကားရပ်ရန်နေရာမှာ မော်တော်ယာဉ်ပေါ်က ဆင်းရမယ်လို့လည်း သံရုံးရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။