Home
မြန်မာသတင်း
မန္တလေး မင်္ဂလာဈေးမီး ဆိုင်ခန်းပေါင်း ၂၉၇ ခန်း ပျက်စီးဆုံးရှုံး
DVB
·
March 23, 2016
မန္တလေးမြို့ မင်္ဂလာဈေးမှာ မတ် ၂၂ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့လို့ ဆိုင်ခန်းပေါင်း ၅၅၀ ရှိတဲ့ထဲက ၂၉၇ ခန်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ၇၃-လမ်း၊ လမ်း ၃၀ ထောင့်မှာရှိတဲ့ မင်္ဂလာဈေးမှာ မတ်  ၂၂ ရက်နေ့ ညနေ ၅ နာရီကျော်ကနေ ည ၁၀ နာရီလောက်အထိ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့တာပါ။ မြေညီထပ်ကနေ စတင် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ရတဲ့ အကြောင်းအရင်းကို စုံစမ်းနေပြီး၊ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ သက်ဆိုင်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ အထည်ဆိုင်မီးလောင်သွားတဲ့ ကိုတင်မျိုးထွန်းကအခုပုံစံအတိုင်းဆို ခန့်မှန်းခြေ၊ ပျှမ်းမျှ လေးခန်းပေါင်း ၃၀၀ အထက်မှာရှိပါတယ်။ ပစ္စည်းတန်ဖိုးကတော့ တော်တော်များမယ်။ အထည်နဲ့ အလှကုန်ပစ္စည်းနဲ့ဆိုတော့ တော်တော်များပါတယ်” လို့ ပြောပါတယ်။ မီးငြှိမ်းသတ်ရာမှာ အပေါ်ထပ်မှာရှိနေတဲ့ ကလေးတွေကို ကယ်ထုတ်နိုင်ခဲ့ပြီး မီးသတ်ရဲဘော်အချို့ ဒဏ်ရာရရှိသွားတယ်လို့ မျက်မြင် ကိုသိန်းပြည့်လှိုင်က ပြောပါတယ်။ မင်္ဂလာဈေးဟာ မန္တလေးမြို့ရဲ့ ဒုတိယအကြီးဆုံး ဈေးကြီးဖြစ်ပြီး မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်းများစွာကို မီးလောင်းကျွမ်းခဲ့သလို ဈေး ပထမထပ် ကားရပ်နားတဲ့နေရာက ကားတချို့လည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။ မန္တလေးမြို့ အနီးအနားမြို့တွေက မီးသတ်ကားတွေပါ လာရောက်ကူညီငြှိမ်းသတ်ရပြီး မီးသတ်ယာဉ် ၁၀၀ ကျော်နဲ့၊ မီးသတ်သမား ၆၀၀ ကျော် ည ၁၀ နာရီကျော်ထိ မီးငြှိမ်းသတ်ခဲ့ရပါတယ်။ မီးစတင် လောင်ကျွမ်းမှု ဖြစ်စဉ်နဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို သက်ဆိုင်ရာက အသေးစိတ် စစ်ဆေးစိစစ်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024