ဘရပ်ဆဲလ်လေဆိပ် ပေါက်ကွဲမှု သံသယရှိသူ ၃ ဦးပုံ ထုတ်ပြန်

ဓာတ်ပုံ - ရိုက်တာ
မတ်လ ၂၂ ရက်နေ့ကဖြစ်ခဲ့တဲ့ ဘရပ်ဆဲလ်လေဆိပ် ပေါက်ကွဲမှုမှာ သံသယဖြစ်ဖွယ် အမျိုးသား ၃ ဦးရဲ့ပုံတွေကို လုံခြုံရေးကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့တယ်လို့ ဘယ်လ်ဂျီယံနိုင်ငံ ဗဟိုအစိုးရရှေ့နေ ဖရက်ဒရစ်ဗန်လျူက ပြောပါတယ်။ “သံသယဖြစ်စရာ လူ ၃ ယောက်ရဲ့ ပုံတွေကို ဇမ်ဘာတန်လေဆိပ် (လုံခြုံရေးကင်မရာ) မှာ ရိုက်ယူထားနိုင်ခဲ့တာပါ။ သူတို့ထဲက ၂ ယောက်ကတော့ အသေခံ ဗုံးဖောက်ခွဲရေးသမားတွေ ဖြစ်ပုံပေါ်ပါတယ်။ အရောင်တောက်တောက် ဂျက်ကက်ဝတ်ထားပြီး ဦးထုပ်ဆောင်းထားတဲ့ တတိယတယောက်ကတော့ တက်တက်ကြွကြွ လုပ်ခဲ့ပုံပါပဲ” လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ ဘရပ်ဆဲလ်မှာ မနေ့က လေဆိပ်တွင်း ပေါက်ကွဲမှု ၂ ခုနဲ့ မီးရထားဘူတာရုံမှာ ပေါက်ကွဲမှုတကြိမ် ဖြစ်ခဲ့တာပါ။ ဒီပေါက်ကွဲမှုကြောင့် လူပေါင်း ၃၀ ထက်မနည်း သေဆုံးခဲ့ရပြီး အိုင်အက်စ် အကြမ်းဖက်အဖွဲ့က သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်။

More News
Up