ကျင်မင်းဆက်ခေတ်ပုံစံ စုံတွဲ ၃၂ တွဲ မင်္ဂလာပွဲကျင်းပ (ဓာတ်ပုံ)

တရုတ်နိုင်ငံ အန်ဟွီးခရိုင်ထဲမှာ မတ်လ ၂၁ ရက်နေ့က စုံတွဲ ၃၂ တွဲ ပါဝင်တဲ့ မင်္ဂလာပွဲကို ကျင်မင်းဆက်ခေတ်ကအတိုင်း ၀တ်စားဆင်ယင်မှုတွေနဲ့ ကျင်းပခဲ့ကြတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ သူတို့ဟာ ရှေးနှစ်ပေါင်း ၂၀၀၀ နီးပါးက ရိုးရာဝတ်စုံတွေ ၀တ်ဆင်ရုံသာမကပဲ ရှေးခေတ် နန်းတော်တည်ရှိရာနေရာ ဟဖိန်မြို့က ပန်းခြံ ၃ ခုတွင်းမှာ ကျင်းပခဲ့တာပါ။ မင်္ဂလာပွဲအခမ်းအနားရဲ့ တစိတ်တပိုင်းအဖြစ် တဦးနဲ့တဦး ဦးညွတ်နှုတ်ဆက်တာတွေ၊ လက်တွေကို သန့်ရှင်းပေးတာတွေနဲ့ အစားအစာတွေကို မျှဝေစားသောက်ကြတာတွေကိုလည်း လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီမင်္ဂလာပွဲ စီစဉ်သူတွေက ခုလိုပွဲကျင်းပရတာဟာ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုကို ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်စေဖို့နဲ့ ခမ်းနားကြီးကျယ်တဲ့ အစီအစဉ်အတွက် ဖြုန်းတီးမှုမဖြစ်စေဘဲ လူငယ်တွေကို ပိုမိုသိရှိလာစေဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။ ဓာတ်ပုံ - စီစီတီဗွီ  

More News
Up